DVB Logo
Home
မြန်မာသတင်း
အောင်​​မြေသာစံမြို့နယ်​တွင် နေအိမ် ၉ လုံးမီးလောင်
DVB
·
November 30, 2018
အောင်​​မြေသာစံမြို့နယ်​တွင် နေအိမ် ၉ လုံးမီးလောင်
1 / 15
Donate to DVB

မန္တ​လေးမြို့၊ ​အောင်​​မြေသာစံမြို့နယ်​၊ အကွက်​ (၂၉)၊ အမရဌာနီ အ​ရှေ့ရပ်ကွက်မှာ  နိုဝင်ဘာ ၂၉ ရက်က လူ​နေအိမ်​ ၉ လုံး မီး​လောင်​ခဲ့ပါတယ်။

အမရဌာနီအ​ရှေ့ရပ်​ကွက်​ရှိ အိမ်​ရှင်​  ဒေါ်မြမြ​ရဲ့ နေအိမ်​မှာ ဂ​ဟေ​ဆော်​တဲ့ဂက်စ်အိုးက စိမ့်ပြီး နိုဝင်​ဘာ ၂၉ ရက်​ ည​နေမှာ စတင်​မီး​လောင်​ခဲ့တာပါ။

မီး​လောင်​မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်​ယာဉ်​ အစီး၇၀၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀၀လောက်နဲ့  မီးကိုငြိမ်းသတ်ခဲ့ပြီး မီး​လောင်​ရာကို မန္တလေးမြို့တော်ဝန်၊ လုံခြုံ​ရေးနဲ့ နယ်​စပ်​​ရေးရာဝန်​ကြီး အပါအ၀င် တာဝန်ရှိသူတွေ လာ​ရောက်​စစ်​​ဆေးခဲ့ပါတယ်။

စတင်​မီး​လောင်​ခဲ့တဲ့  အိမ်​ရှင်​​ဒေါ်မြမြကိုတော့ နယ်​​မြေရဲစခန်းက ပုဒ်​မ ၂၈၅ နဲ့  အမှုဖွင့် အ​ရေးယူထားပါတယ်​။

သတင်းနှင့်ဓာတ်ပုံ - အောင်အောင်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013