DVB Logo
Home
မြန်မာသတင်း
ရေစကြိုလူငယ်များ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုလှုပ်ရှားမှု စတင်
DVB
·
November 30, 2018
ရေစကြိုလူငယ်များ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုလှုပ်ရှားမှု စတင်
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ လူငယ်ကွန်ရက်အနေနဲ့ မြို့နယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားနှုန်း လျှော့ချနိုင်ဖို့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုလှုပ်ရှားမှု စတင်ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံဆရာဝန်များအသင်း၊ 3 MDG ရန်ပုံငွေနဲ့ ရေစကြိုလူငယ်ကွန်ရက်တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၆ ရက်ကတည်းက စတင်ကာ ဒီဇင်ဘာ ၁ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့အေအိုင်ဒီအက်နေ့ အထိမ်းအမှတ် လှုပ်ရှားနေကြတာပါ။

ရေစကြိုမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် မောင်အောင်ကျော်စိုးက “အခု ကျနော်တို့ ရေစကြိုမြို့နယ်အနေနဲ့ အရင်နှစ်တွေကထက် အိတ်ခ်ျအိုင်ဗွီဖြစ်ပွားမှု ရာခိုင်နှုန်းအားဖြင့် အများကြီး တိုးလာတာကို ကြားရတယ်။ ကျနော်တို့ နောက်ထပ် ဒီလိုမျိုးမဖြစ်အောင် လျော့ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့  ဒီပွဲကို ပြုလုပ်တာပါ” လို့ ပြောပါတယ်။

ရေစကြိုမြို့မှာ လူငယ်တွေအနေနဲ့ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ သတိထားစရာ အချက်တွေပါတဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေကြပါတယ်။

ရေစကြိုမြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် မခိုင်ဇာလင်းက “လက်ရှိအနေနဲ့ ရေစကြိုမြို့နယ်ကလူတွေ သိအောင်လို့ ဒီလက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်၊ နောက်ပြီးတော့ သီချင်းတွေ၊ အကတွေနဲ့လည်း ဖျော်ဖြေတယ်။ အကတွေ သီချင်းတွေ ဆိုတာကလည်း အပျော်အပျက်သီချင်းတွေ မဟုတ်ဘဲ ဒီ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တာတွေ ကာကွယ်ဖို့တွေ၊ ရှောင်ရန်တွေ သိအောင် အဲလိုသီချင်းလေးနဲ့ သူတို့ကို ဖျော်ဖြေပေးတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၃၀၀ နီးပါး ရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013