DVB Logo
Home
မေးမြန်းခန်း
ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ- မေးမြန်းချက်
DVB
·
September 3, 2012
ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ- မေးမြန်းချက်
1 / 2
Donate to DVB

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က ပြင်ဆင်ပေးပို့တဲ့ အချက်အလက်တွေကို အမျိုးသားလွှတ်တော်က လက်မခံနိုင်တဲ့အကြောင်း ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို ဆက်သွယ်မေးကြည့်ထားပါတယ်။

[caption id="attachment_30225" align="alignright" width="300" caption="ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်"][/caption]

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကျနော်တို့ကပြင်ပြီး ပြည်သူ့လွှတ်တော်ကို ပို့တယ်။ ပြည်သူ့လွှတ်တော်ဘက်ကပြင်တာက ကျနော်တို့ကို ပြန်ပို့တယ်။ သူတို့ပြင်တာကို ကျနော်တို့ ကိုယ်စားလှယ် ၆ ယောက် ဆွေးနွေးတာ၊ အများစုကတော့ ပြည်သူ့ လွှတ်တော်ပြင်တာကို မပြင်သင့်ဘူးဆိုတဲ့ အချက်ကိုပဲ ဆွေးနွေးကြတယ် ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်လို့ ကွဲတဲ့အချက်တွေပေါ်နေမှာပေါ့။ ဥက္ကဋ္ဌကတော့ ဥပဒေကြမ်းခေါ်ပြင်ပြီး ၆ ယောက်နဲ့ ပြန်ဆွေးနွေးပါလို့ ပြောတယ်။ ဆွေးနွေးချက်တွေ ထပ်ကွဲရင်တော့ ပြည်ထောင်စု လွှတ်တော်မှာပဲ ထပ်ဆွေးနွေးရမှာပေါ့။”

ဘယ်နှချက်လောက်ကို အမျိုးသားလွှတ်တော်က လက်မခံနိုင်တာလဲ။

“အဓိကကတော့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ တော်တော်များများက ပြည်ပလူတွေကို မယှဉ်နိုင်တဲ့အခါ သူတို့ကို ကာပေးစေချင်တာပေါ့။ ဒေါ်လာ ၅ သန်းရှိမှ လာရမယ်။ နောက် စိုက်ပျိုးရေး၊ မွေးမြူရေး မလုပ်ရဘူး၊ ရှယ်ယာကိုလည်း ၄၉ ရာခိုင်နှုန်းပဲ ပေးရမယ်ဆိုတဲ့ အချက်အလက်တွေပေါ့။ နိုင်ငံပိုင် မသိမ်းရဘူး၊ နိုင်ငံပိုင်တော့ မသိမ်းဘူး၊ ဒါပေမယ့် သိမ်းချင်ရင် လျော်ကြေးပေးပြီး ပြန်ယူရမယ်ဆိုတဲ့ အချက်တွေထည့်ခိုင်းတာကိုး။ ဒီလိုအချက်တွေသာထည့်ရင် နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေက လန့်ပြေးသွားလိမ့်မယ်လို့ ကျနော်တို့က ပြန် ဆွေးနွေးခဲ့တယ်ဗျ။”

“အရင်ကလည်း ပြည်သူ့လွှတ်တော်က ဒီအချက်တွေ မတင်ဘူးဗျ။ MICT မှာ ဦးရွှေမန်းနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေပြောတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက ဒါတွေ ကာပေးစေချင်တယ်ပြောလို့ ကာပေးတာ။ ကျနော်တို့ဆီပို့လာတဲ့အခါ သူတို့ကာတဲ့အချက်ကတော့ ကိုယ်ကျိုးကာကွယ်တာ၊ ဒါပေမယ့် တဖက်က ရင်းနှီးမြှုပ်နှံသူတွေအတွက် အားနည်းချက်တွေဖြစ်ပြီး.အရှေ့တောင်အာရှမှာလည်း ကျနော်တို့ နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်နေတယ်။ ဒီအချက်အလက်တွေသာ ပါမယ်ဆိုရင် ကျနော်တို့အခြေအနေ မကောင်းနိုင်ဘူးဆိုပြီး ပြန်ထောက်တာပေါ့။”

“ဆွေးနွေးထားတာဆိုတော့ ဥပဒေကြမ်းကော်မတီက သုံးသပ်ချက်တွေ ထွက်မှာပေါ့။ ပြည်သူ့လွှတ်တော်လည်း ကျနော်တို့ကို ကွဲတယ် ဆိုရင်တော့ ပြည်ထောင်စုတင်ပေးရတော့မှာပေါ့။ လွှတ်တော် ၂ ရပ် မတူတာကို ပြည်ထောင်စု လွှတ်တော်မှာ ရှင်းရမှာကိုး။ ကျနော်တို့ဘက်ကလည်း ကျနော်တို့တင်တဲ့ အချက်တွေကို ပြောတာပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း အခု တော်တော်လေးကို ကြာနေပြီ။ လွှတ်တော် ၂ ရပ်ကကိုပဲ ဟိုဘက်ဒီဘက် မတူတဲ့အချက်တွေ ပေါ်နေပြန်ပြီပေါ့။ ဒီအပတ်ထဲကို လွှတ်တော်တွေအပြီးဖြတ်တာပေါ့။ အပြီးဖြတ်နိုင်အောင် ဥက္ကဋ္ဌကလည်း ကြိုးစားတယ်ထင်ပါတယ်။ ချက်ချင်းကို ဥပဒေကြမ်းကော်မတီနဲ့ ချောအောင် ဆွေးနွေးပြီးတော့ သုံးသပ်ချက် တင်ခိုင်းတယ်။”

ရင်းနှီးမြှုပ်နှံမှု ဥပဒေက လွှတ်တော်အတွင်းမှာ မပြီးနိုင်တော့ဘူးပေါ့။

“အဲဒါတော့ ကျနော်လည်း မပြောတတ်တော့ဘူး။ ဘယ်သူမှလည်း ခန့်မှန်းလို့မရဘူး။ ဘယ်လိုဆွေးနွေးမှုမျိုးဖြစ်မလဲ၊ ကျနော်တို့ဘက်က ထောက်တဲ့အ ချက်ကိုပဲ ပြည်ထောင်စု လွှတ်တော်မှာ အများကလက်ခံမလား။ သူ့အထွာနဲ့သူလေ၊ ကျနော်တို့ဆီမှာ ဒေါ်လာ ၅ သန်းရှိမှလာ၊ ဒေါ်လာ ၅ သန်း မပြည့်ရင် မလာနဲ့ဆိုတော့ ကိုယ့်လုပ်ငန်းတွေကလည်း infrastructre လည်း မပြည့်စုံသေး၊ တကယ့် ဆင်ကြီး ကျားကြီးအဆင့်ပဲလာရမယ်ဆိုတော့၊ ကိုယ့်အခြေအနေလည်း ချိန်ရဦးမှာပေါ့။ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ဒီအပတ်လွှတ်တော်ထဲမှာ မပြီးနိုင်သေးဘူးဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက မထွက်ဘူးဆိုရင်တော့ မကောင်းဘူးပေါ့။ ကြာနေပြီ ဒါက။”

အင်္ဂါနေ့ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာတော့ သမ္မတက ပေးပို့ထားတဲ့ အစိုးရ၀န်ကြီးအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က အတည်ပြုပေးဖို့ ရှိပါတယ်။

လစ်လပ်နေတဲ့ ၀န်ကြီးတချို့ကို သမ္မတက ခန့်အပ်မှာဖြစ်ပြီး လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ပါတယ်။

ဒီအထဲ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလှမင်းနေရာမှာ ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို အစားထိုး ခန့်အပ်သွားဖို့ ရှိတယ်လို့  စုံစမ်းသိရှိရပါတယ်။

ဗိုလ်ချုပ်ကြီးလှမင်းဟာ တပ်မတော်ရဲ့ မူလတာဝန်တွေ ပြန်လည် ထမ်းဆောင်မှာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013