DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးဝန်ကြီးနှင့် ရခိုင်ပြည်နယ် တရားသူကြီး ခန့်အပ်
DVB
·
November 30, 2018
သမ္မတရုံးဝန်ကြီးနှင့် ရခိုင်ပြည်နယ် တရားသူကြီး ခန့်အပ်
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုဝန်ကြီး ဦးမင်းသူကို ရာထူးတိုးမြှင့် ခန့်အပ်လိုက်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မ ၂၃၅ ပုဒ်မခွဲ (ဃ) နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်တွေအရ ခန့်အပ်တာဝန်ပေးအပ်လိုက်တာလို့ နိုဝင်ဘာ ၂၉ ရက်စွဲနဲ့ သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ပြည်​​ထောင်​စုအစိုးရအဖွဲ့ဝန်​ကြီး ဦး​သောင်းထွန်းကို ရင်းနှီးမြှပ်​နှံမှုနဲ့ နိုင်​ငံခြားစီးပွား ဆက်​သွယ်​​ရေး ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးအဖြစ်​ ပြောင်းလဲခန့်​အပ်​လိုက်​တဲ့အတွက်​ ဝန်ကြီးနေရာ လစ်လပ်နေတာပါ။

လစ်လပ်နေတဲ့ ပြည်ထောင်စုဝန်ကြီးနေရာမှာ ဒုဝန်ကြီး ဦးမင်းသူကို ခန့်အပ်ဖို့ ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုလိုက်ပြီးနောက်မှာ ခုလို သမ္မတက ခန့်အပ် တာဝန်ပေးလိုက်တာပါ။

ဦးမင်းသူဟာ စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းဖြစ်ပြီး တပ်မတော် (လေ) မှာ ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ တပ်မတော်က အနားယူပြီးနောက် ပုဂ္ဂလိက လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူးအဖြစ် ထမ်းဆောင်ခဲ့ပြီး အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ သမ္မတရုံး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အလားတူ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်ဝါဝါထွန်းကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်းလည်း နိုင်ငံတော်သမ္မတရုံးက မနေ့ကရက်စွဲနဲ့ သီးခြား အမိန့်စာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013