DVB Logo
Home
မြန်မာသတင်း
မြန်မာ-နီပေါ စီးပွားရေး ပိုမိုပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
November 30, 2018
မြန်မာ-နီပေါ စီးပွားရေး ပိုမိုပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
1 / 17
Donate to DVB

မြန်မာနဲ့ နီပေါ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၈ စက်တင်ဘာကနေ ၃ လအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၆ သန်းရှိခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ  Bhrikuti Mandap မှာ ကျင်းပတဲ့ “နီပေါ ကုန်စည်ပြပွဲ-၂ဝ၁၈” မှာ အခုလို ပြောကြားခဲ့တာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

“မြန်မာနိုင်ငံ၏ အဓိကပို့ ကုန်များမှာ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်းများ၊ သစ်မာနှင့် သစ်ပါးလွှာတို့ ဖြစ်ပြီး နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများမှာ စားသောက်ကုန် များဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လမှစ၍ နီပေါနိုင်ငံမှ ကုမ္ပဏီ ၁၀ ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေ ပါကြောင်း၊ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်စရာများ ရှိနေပါကြောင်း။” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနဲ့ နီပေါနိုင်ငံတို့ဟာ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်လို့  ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အထည်အလိပ်နဲ့ သားရေ အစရှိတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နီပေါနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ မြန်မာ-နီပေါတိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။

“နီပေါကုန်စည်ပြပွဲ-၂ဝ၁၈” မှာ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတွေက ပြခန်းပေါင်း ၁၄၅ ခန်း ခင်းကျင်းပြသနေပြီး မြန်မာနိုင်ငံက ယဉ်ကျေးမှုနဲ့ ရိုးရာအသုံးအဆောင်ပြခန်း၊ လက်ဝတ်ရတနာပြခန်း၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းပြခန်း၊ သီးနှံထွက်ကုန်ပြခန်းအပါအဝင် ပြခန်းပေါင်း ၂ဝ ဖွင့်လှစ်ပြသနေတယ်လို့ သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့ကို မနေ့ကလည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နီပေါ ဒုဝန်ကြီး အက်စ်ရှ်ဝါ ပိုကာရယ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ နီပေါနိုင်ငံကို ချစ်ကြည်ရေးခရီးနဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013