DVB Logo
Home
မြန်မာသတင်း
အာဆီယံကိုယ်စားလှယ်အဖွဲ့ ဘင်္ဂါလီ ပြန်လက်ခံရေးစခန်းကို လာရောက်စစ်ဆေး
DVB
·
November 29, 2018
အာဆီယံကိုယ်စားလှယ်အဖွဲ့ ဘင်္ဂါလီ ပြန်လက်ခံရေးစခန်းကို လာရောက်စစ်ဆေး
1 / 7
Donate to DVB

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ AHA Centre တို့က ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းတွေ ပြီးစီးမှု အခြေအနေကို ဒီကနေ့ လာရောက် လေ့လာခဲ့ကြပါတယ်။

AHA centre အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို လာရောက်ကြည့်ရှု လေ့လာပြီး လိုအပ်တဲ့ ပူးပေါင်းကူညီမှုတွေ ဆောင်ရွက်ဖို့နဲ့ လိုအပ်ချက်တွေကို ဆန်းစစ်ထုတ်ဖော်ဖို့ ရှိနေတာပါ။

အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ မောင်တောမြို့ကို စစ်တွေကတဆင့် ရောက်ရှိလာပြီး ကြိမ်ချောင်းတောင်ကျေးရွာမှာ နေရပ်ပြန်လာသူတွေအတွက် တည်ဆောက်ထားတဲ့ လူနေအိမ် ၂၀၀ ကျော်ပြီးစီးမှု အခြေအနေနဲ့ ငါးခူရပြန်လည်လက်ခံရေးစင်တာပြီးစီးနေမှု အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။

ဒ့ါအပြင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း အခြေအနေတွေကိုလည်း ဒီနေ့ သွားရောက်လေ့လာခဲ့ကြတာပါ။

ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) အနေနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီဖို့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

သတင်း/ဓာတ်ပုံ-ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013