DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 29, 2018
Donate to DVB

မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၈၃၂၅၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၇၅၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၇၉၉၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက ၁ အိတ်ကို ၇၆၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၁၉၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ကုလားပဲ v2
မန္တလေးပွဲစာူးကုန်သည် စက်ပိုင်အသင်းမှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၄၄၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၃၆၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၇၈၀၀၀ ကနေ ၁၈၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်အလဲ မရှိပါဘူး။.မန္တလေး နဲ့ မကွေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၀၀၀ ဈေး ကွာခြားမှုရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက် (စမုံ) က ၁ အိတ်ကို ၂၃၅၀၀၀ ကနေ ၂၅၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၃၀၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို ၂၂၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၁ အိတ်ကို ၁၆၈၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၇၂၀၀၀ ပေါက်ဈေးရှိပြီး မန္တလေး နဲ့ မကွေးကုန်စည်ဒိုင် ၁ အိတ်ကို ၄၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013