DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဒေသက လူထုအသံ အစီရင်ခံစာထုတ်ပြန်
DVB
·
November 29, 2018
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဒေသက လူထုအသံ အစီရင်ခံစာထုတ်ပြန်
Donate to DVB

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတည်ထောင်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ သဘောတူ ခဲ့တာ ၁၀ နှစ်ပြည်တဲ့အချိန်မှာ ဒေသခံလူထုရဲ့အသံတွေပါတဲ့ အစီရင်ခံစာကို နိုဝင်ဘာ ၂၈ က ထုတ်ပြန်လိုက်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အပေါ် ရပ်ရွာလူထု၏ အသံနှင့် ရှူထောင့်အထွေထွေ အစီရင်ခံ စာကို Earth Rights International (ERI)နဲ့ ထားဝယ်ဖွံ့ဖြိုးအဖွဲ့ (DDA) တို့က ပူးပေါင်းပြီး ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်း  မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဇုန်စီမံကိန်းနယ်မြေထဲမှာပါလို့ စိုးရိမ်နေရတဲ့ ဒေသခံတဦးက “အစိုးရက စီမံကိန်း လုပ်မယ်ဆိုတာပဲ သိရတယ်။ ဒီစီမံကိန်းကြောင့် ဒေသခံတွေ လက်ရှိလုပ်နေတဲ့ လယ်ယာ အလုပ်တွေကို ဆက်လက်လုပ်ကိုင်စားသောက်လို့ ရတယ်။ မရဘူး အခုထိ မသိရသးဘူး” လို့ ပြောပါတယ်။

အစီရင်ခံစာထဲမှာ စီမံကိန်းကို ပြန်စတော့မယ်ဆိုရင် သတင်းအချက်အလက်တွေကို သိခွင့်ပေးပြီး ဒေသနေလူထုအတွက် စိတ်ချရတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေးဖို့ တောင်းဆိုထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် ရည်မှန်းထားတဲ့အတိုင်း ပြီးခဲ့မယ်ဆိုရင် အရှေ့တောင် အာရှမှာ အကြီးဆုံးစက်မှုထဲက တစ်ခုဖြစ်လာဖွယ်ရှိနေတာပါ။

ဒါပေမယ့် ဒီစီမံကိန်းကြောင့် ဒေသခံ လူပေါင်း ၄၃၀၀၀ လောက် ထိခိုက်နိုင်ပြီး သက်ဆိုင်တဲ့ တာဝန်ရှိသူအားလုံးကလည်း စီမံကိန်းနဲ့ပတ်သက်လို့  ဒေသနေလူထုတွေကို တွေ့ဆုံဆွေးနွေး တိုင်ပင်ခဲ့တာမျိုး မရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို မကြာမီ ပြန်လည် စတော့မယ်လို့ သတင်းတွေ ထွက်နေပေမယ့်လည်း ဒေသနေလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခက်အခဲကြောင့် ၂၀၁၃ ခုနှစ်မှာ အစိုးရကနေ ရှေ့မဆက်နိုင်ဘဲ ရပ်ဆိုင်းထားခဲ့ရတဲ့ စီမံကိန်းလည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013