DVB Logo
Home
Lead Story
မင်းသားကြီးငယ်တွေ အပြိုင်ကြဲထားတဲ့ "COVER" မြန်မာအက်ရှင်ဇာတ်ကားကြီး - နမူနာ
DVB
·
November 29, 2018
မင်းသားကြီးငယ်တွေ အပြိုင်ကြဲထားတဲ့ "COVER" မြန်မာအက်ရှင်ဇာတ်ကားကြီး - နမူနာ
Donate to DVB

နာမည်ကြီး ၀ါရင့် မင်းသားကြီးငယ်တွေ အပြိုင်အဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့  "COVER" လို့ အမည်ပေးထားတဲ့ အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်ဇာတ်ကားကြီး နမူနာ ရုပ်သံ ထွက်ရှိလာရာမှာ ပရိတ်သတ်တွေအကြား ရေပန်းစားနေပါတယ်။

သီဟရတနာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာဂျိုးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွန်း မိုးစက်ဝိုင်နဲ့ အန်းနတ်တို့က ရေးသားထားတာပါ။

ဒီဇာတ်ကားမှာ မင်းသား ရန်အောင်၊ လူမင်း၊ နေဆန်း၊ သတ္တိ၊ ထူးခြား၊ တိုင်ရွန် ကျော်ဇင်ထွဋ်တို့အပြင် အနုပညာလောက အချိန်အတော်ကြာပျောက်ကွယ်နေတဲ့ ဖိုက်တင်မင်းသား ရဲမင်းပိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး ဟန်နီနဲ့ အနုပညာ ရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ထူးထူးခြားခြား နေပြည်တော်နဲ့ ရန်ကုန်မှာ သွားရောက်ရိုက်ကူး ထားပြီး  ကားတွေ၊ မော်တော်ဆိုင်ကယ်တွေသာမက ရဟတ်ယာဉ်တွေပါ အသုံးပြုကာ အပစ်အခတ် အသတ်အပုတ်တွေ၊ အမိုက်စားရိုက်ချက်တွေနဲ့ ရှုစားကြရမှာပါ။

"COVER" ရုပ်ရှင်ဇာတ်ကားမှာ ၀ါရင့်မင်းသားကြီး ရန်အောင်ကတော့  တက်တူး အပြည့်နဲ့ ဂိုဏ်းစတား လူဆိုးခေါင်းဆောင်အဖြစ်ပါဝင် သရုပ်ဆောင်ထားပြီး  မိသားစု မောင်နှမအတွက် cover လုပ်ပေးတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဧပြီ ၂၈ ရက်က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ဘယ်နေ့မှာ ရုံတင်ပြသမယ် ဆိုတာကတော့ မသိရသေးပါဘူး။

Video Credit- ဒါရိုက်တာဂျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013