DVB Logo
Home
မြန်မာသတင်း
တတိယနိုင်ငံသွားရန် ထိုင်းကို တရားမ၀င် ၀င်လာသည့် မြန်မာ ၃၁ ဦး ဖမ်းဆီးခံရ
DVB
·
November 29, 2018
တတိယနိုင်ငံသွားရန် ထိုင်းကို တရားမ၀င် ၀င်လာသည့် မြန်မာ ၃၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ နိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာပြီး တတိယ နိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၃၁ ဦးကို ဖမ်းဆီးရမိတယ်လို့ hatyaifocus ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ် ခေါန်လန်ကျေးရွာအုပ်စုထဲမှာ မသင်္ကာဘွယ်လူတစ်စုရောက်ရှိနေကြောင်း သတင်းအရ အမှတ် ၉ တိုင်းဒေသရဲတပ်ဖွဲ့ဝင်၊ နယ်မြေခံရဲနဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က သွားရောက်စစ်ဆေးရှာဖွေစဉ် တောထဲမှာ ပုန်းခိုနေသူတွေကို တွေ့ရှိခဲ့တာလို့ ဟတ်ယိုင်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ပုန်းခိုသူတွေမှာ အမျိုးသား ၂၉ ဦး နဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံသားတွေဖြစ်ကာ ရနောင်းကနေတဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာသူတွေလို့ ဆိုပါတယ်။

သူတို့ဟာ တောထဲကနေ တတိယနိုင်ငံ ဆက်သွားဖို့ လာခေါ်မယ့်သူကို စောင့်ဆိုင်းနေစဉ် ခုလို အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဖို့ ဟတ်ယိုင်ရဲစခန်းကို ဆက်လက်ပို့ဆောင်ထားတယ်လို့  တာဝန်ရှိရဲဝန်ထမ်းက ပြောပါတယ်။

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ဟာ မလေးရှားနယ်စပ်နဲ့ နီးကပ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်မယ့် မြန်မာနိုင်ငံသားတွေဟာ ပွဲစားတွေကို စောင့်ဆိုင်းရင်း အခုလို မကြာခဏ အဖမ်းခံကြရလေ့ရှိပါတယ်။

ဒီလ  ၁၄ ရက်နေ့ကလည်း မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်မယ့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၄၅ ဦးကို ထိုင်းအာဏာပိုင်တွေက ထိုင်းတောင်ပိုင်း ရနောင်းခရိုင်၊ ကလပ်ဘူရီမြို့နယ်ထဲမှာဖမ်းမိပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013