DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်း ၇ ကောင် သတ်ဖြတ်ခံရ
DVB
·
November 29, 2018
ဧရာဝတီတိုင်းတွင် ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်း ၇ ကောင် သတ်ဖြတ်ခံရ
1 / 4
Donate to DVB

တောဆင်ရိုင်းတွေ မကြာခဏသတ်ဖြတ်ခံရတဲ့ ဧရာဝတီတိုင်းမှာ ဒီနှစ်မှာလည်း တောဆင်ရိုင်း ၇ ကောင်အထိသတ်ဖြတ်ခံထားရတယ်လို့ ဧရာဝတီတိုင်းဒေကြီး ရဲတပ်ဖွဲ့ရုံးရဲ့ စာရင်းတွေအရသိရပါတယ်။

မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ နှစ်စဉ်ဒါစင်နဲ့ချီ သတ်ဖြတ်ခံနေရတာကြောင် မကြာခင်နှစ်တွေမှာ တောဆင်တွေ မျိုးတုံးပျောက်ကွယ်သွားမှာကိုစိုးရိမ်တယ်လို့လည်း တောကိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးရန်ပုံငွေအဖွဲ့ WWF ကထုတ်ပြန်ထားပါတယ်။

မနှစ်ကတော့ ဧရာဝတီတိုင်းအတွင်း တောင်ဆင်ရိုင်း ၁၇ ကောင်အထိ သတ်ဖြတ်ခံခဲ့ရ ပါတယ်။

ဒီနှစ်မှာတော့ WWF ရဲ့ ထောက်ပံ့မှုနဲ့ တောဆင်မုဆိုးစောင်ကြည့်ရေးစခန်းတွေဖွင့်လှစ်ပြီး စောင့်ကြည့်ကင်းလှည့်တာတွေ ပြုလုပ်နေတာကြောင့် တောဆင်သတ်ဖြတ်ခံရမှုတွေလျော့ကျ သွားပေမယ့် သတ်ဖြတ်မှုတွေကတော့ ဆက်ရှိနေဆဲပါ။

တောဆင်မုဆိုးဆိုသူတွေကို ဖမ်းဆည်းရမိတာတွေရှိပေမယ့် အဓိက ခိုင်းစေရောင်းဝယ် ဖောက်ကားနေတဲ့ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

အိမ်နီးချင်း တရုတ်နိုင်ငံမှာ တိုင်းရင်းဆေးအတွက် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ အသုံးပြုရကနေ တောရိုင်တိရစ္ဆာန်အစိတ်အပိုင်း မှောင် ရောင်းဝယ်ရေး ဈေးကွက်ကြီးထွားလာပြီး နိုင်ငံအတွင်းက ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေ ရောက်ရှိနေတယ်လို့ WWF ရဲ့သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အရင်က တောဆင်ရိုင်းတွေအနေနဲ့ အစွယ်အတွက်သာသတ်ဖြတ်ခံရပေမယ့် အခုအချိန်မှာ တော့ အစွယ်အပါအဝင် ဆင်သားရေ အသားအတွက်ပါ သတ်ဖြတ်ခံနေရပါတယ်။

ဓာတ်ပုံ - ဧရာဝတီ ဆင်ချစ်သူများအဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013