DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် လှေမှောက်၍ ၂ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ
DVB
·
November 29, 2018
လပွတ္တာတွင် လှေမှောက်၍ ၂ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ လှေမှောက်လို့ ၂ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၇ နာရီလောက်က လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာနေ မျိုးကို (၂၁) နှစ် လှော်ခတ်ပြီး တရွာတည်းနေ မတင်ဇာဝင်း (၂၈) နှစ်ပါ ၄ ဦး လိုက်ပါလာတဲ့ ချွန်းလှေဟာ ပိုးလောင်းကျေးရွာမှ ဘိုကလေးမြို့နယ်၊ ဧရာ ကျေးရွာကို အလုပ်ရှာဖွေဖို့အတွက် ဧရာဝတီမြစ်အားဖြတ်ကူးစဉ် တိမ်းမှောက်ခဲ့တာပါ။

လေပြင်းတိုက် လှိုင်ကြီးတာကြောင့် လှေနစ်မြုပ်ခဲ့တာဖြစ်ပြီး မျိုးကိုပါ အမျိုးသား ၂ ဦးအား အသက်ရှင်လျက်နဲ့ ကယ်ဆယ်နိုင်ခဲ့ပေမယ့် မတင်ဇာဝင်းနဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

၅ နှစ်အရွယ် မောင်ပိစိ ပျောက်ဆုံးနေလို့ ရှာဖွေနေပြီး အလောင်းတွေကို ပြင်စလူပြည်သူ့ ဆေးရုံ ပို့ဆောင်ထားပါတယ်။ ပြင်စလူနယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013