DVB Logo
Home
မြန်မာသတင်း
အလဲဗင်းမီဒီယာအမှု ထပ်မံတွေ့ဆုံညှိနှိုင်းမည်
DVB
·
November 29, 2018
အလဲဗင်းမီဒီယာအမှု ထပ်မံတွေ့ဆုံညှိနှိုင်းမည်
Donate to DVB

ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာဖြစ်ပွားနေတဲ့အမှုကိစ္စနဲ့ပတ်သတ်ပြီး လာမယ့် ဒီဇင်ဘာ ၃ ရက်မှာ ထပ်မံတွေ့ဆုံ ညှိနှိုင်းဖို့ရှိတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် တဦးကပြောပါတယ်။

အလဲဗင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနဲ့ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အောက်တိုဘာ ၁၈ ရက်မှာ လာရောက်တိုင်ကြားခဲ့ပါတယ်။

အလဲဗင်းမီဒီယာသတင်းဌာနဟာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (ဈ) ပါ သတင်းမီဒီယာသမားတဦးရဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့တာပါ။

အလဲဗင်းသတင်းသမား သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာ ၁၀ ရက်က တရားစွဲဆိုခဲ့ပါတယ်။

သမ္မတရုံးက ဒီအမှုကို သတင်းမီဒီယာဥပဒေနဲ့သာ ကိုင်တွယ်စေလိုပြီး သတင်းမီဒီယာ ကောင်စီကတဆင့် ညှိနှိုင်းဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တဲ့အတွက် အဆိုပါ သတင်းသမားသုံးဦးကို အာမခံနဲ့ လွှတ်ပေးပြီး ကောင်စီက ကြားဝင်ညှိနှိုင်းဖြေရှင်းပေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013