လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရန်ကုန်ရောက်
အေးနိုင်
·
September 3, 2012
မြန်မာနိုင်ငံမှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆောင်ရွက်နိုင်အောင် သွားရောက်လေ့လာတဲ့ ပြည်ပအခြေပြု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ နေ့ခင်းပိုင်းက ဆိုက်ရောက်ပြီဖြစ်ပါတယ်။
[caption id="attachment_30079" align="alignleft" width="300" caption="ဦးအောင်မိုးဇော်"][/caption]
လွန်ခဲ့တဲ့ ၂ ရက်က ပြည်ပရောက် အတိုက်အခံခေါင်းဆောင်တွေနဲ့ တပါတည်း မပြန်တာဟာ အလုပ်များတဲ့အတွက်သာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
လတ်တလောမှာ ဒီခရီးစဉ်ဖြစ်မြောက်အောင် စီစဉ်သူတွေနဲ့ တွေ့ဆုံမယ်လို့ ဦးအောင်မိုးဇော်က ပြောပြပါတယ်။
“ကျနော်အဓိကက ဒီခရီးစဉ် စီစဉ်တဲ့သူတွေနဲ့ တွေ့ရမယ်။ တွေ့ပြီးတော့ သူတို့ရဲ့ (ပြင်ဆင်ရေးဆွဲတဲ့အစီအစဉ်) ဘာရှိသလဲဆိုတာကို ကျနော် နားထောင်ရမယ်။ အဲဒါပြီးတော့မှပဲ ကျနော်တို့ရဲဘော်တွေနဲ့တွေ့တာ။ ပြီးတော့ ဒီမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို တွေ့ဖို့ မေတ္တာရပ်ခံတာ အဲဒါတွေလုပ်မယ်လို့ ကျနော်ထင်တယ်။ အဲဒါပြီးရင်တော့ ကျနော် အိမ်ခဏပြန်မယ်။ ကျနော့်မွေးရပ်ကို ခဏပြန်မယ်” လို့ ပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားဝင်ရပ်တည်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယမြောက် ပါတီအင်အားအတောင့်တင်းဆုံးဖြစ်ပါတယ်။ စစ်အစိုးရက ၁၉၉၁ ဒီဇင်ဘာ ၆ ရက်မှာ ပါတီဆိုင်းဘုတ်ဖြုတ်သလို ပါတီကိုလည်း ဖျက်သိမ်းခဲ့တာပါ။ ရှောင်တိမ်းခဲ့တဲ့ ပါတီခေါင်းဆောင်တွေက ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပါတီရုံးကို မာနယ်ပလော (ကေအန်ယူနယ်မြေ)မှာ ဖွင့်လှစ်ပါတယ်။