DVB Logo
Home
မြန်မာသတင်း
ကလောတွင် သြစတြေးလျ ဇနီးမောင်နှံ လှူဒါန်းသည့် ကျောင်းဆောင်သစ်ဖွင့်လှစ်
DVB
·
November 29, 2018
ကလောတွင် သြစတြေးလျ ဇနီးမောင်နှံ လှူဒါန်းသည့် ကျောင်းဆောင်သစ်ဖွင့်လှစ်
1 / 9
Donate to DVB

သြစတြေးလျနိုင်ငံသား ဇနီးမောင်နှံ လှူဒါန်းတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် ဘောနင်းကျေးရွာ အုပ်စု မိုးမခကျေးရွာမှာရှိတဲ့ အ.မ.က (၈၈) ကျောင်းဆောင်သစ်ပွဲကို နိုဝင်ဘာလ ၂၉ ရင်နေ့က ကျင်းပခဲ့ပါတယ်။

သြစတြေးလျှ ဇနီးမောင်နှံဟာ ရှမ်းပြည်နယ်က ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျေးလက်ဒေသတွေမှာ ဆောက်လုပ်လှူဒါန်းနေတတာဖြစ်ပြီး အ.မ.က ( ၈၈ ) က ၂၀ မြောက် ကျောင်းဆောင်ဖြစ်ပါတယ်။

အဲဒီကျောင်းမှာတော့ သူငယ်တန်းကနေ စတုတ္ထတန်းထိ ကျောင်းသားကျောင်းသူ အယောက် ၈၀ ကျော် ပညာသင်ကြားနေပါတယ်။

ကလောမြို့နယ်မှာတော့ ကျောင်းဆောင်သစ် ၁၀၀ ကျော် ဆောက်လုပ်လှူဒါန်းပြီး ဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဝန်ကြီးဌာန ဝန်ကြီးက နိုင်ငံတော်က ပညာရေးအတွက် ချပေးတဲ့ ဘတ်ဂျက်မှာ တနိုင်ငံလုံးနဲ့ ယှဉ်ကြည့်ရင် ရှမ်းပြည်နယ်က အနည်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013