ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်
DVB
·
November 29, 2018

1 / 2
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေ၊ ပီ၊ ရှာမာအိုလီရဲ့ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ဒီကနေ့ ထွက်ခွာသွားပါတယ်။
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးမှာတက်ရောက်ဖို့ ဒီကနေ့ မနက် ၉နာရီခွဲက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နီပေါနိုင်ငံသို့ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။











