
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဘုရင့်နောင်လမ်းရှိ သံတွဲဈေးကြီးအပေါ်ထပ်မှာ ဒီမနက် ၁၀ နာရီခွဲကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဈေးအပေါ်ထပ်မှာ နည်းနည်းပဲ လောင်တာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
သံတွဲမြို့ခံ ကိုကျော်သန်းလှိုင်က “မြို့မဈေးကြီးအပေါ်ထပ် ဆိုင်ခန်းအလွတ်က လောင်တာပါ။ အဲဒီဆိုင်ခန်း တခန်းပဲလောင်ပြီး မီးသတ်နဲ့လည်း နီးတော့ မီးသတ်က အချိန်မီရောက်သွားပြီးတော့ နိုင်သွားတယ်။ ဘာမှဆုံးရှုံးမှုတော့မရှိဘူး” လို့ ပြောပါတယ်။
သံတွဲဈေးဟာ နှစ်ထပ်အဆောက်အဦဖြစ်ပြီး အပေါ်ထပ်ကအခန်းတွေမှာ ပစ္စည်းတွေ၊ ကုန်တွေ သိုလောင်လှောင်ထားပေမယ့် မီးလောင်တဲ့ ဆိုင်ခန်းမှာတော့ သိုလှောင်ကုန်တွေ မရှိဘူးလို့ သိပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ သံတွဲဈေးကြီးမှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကလည်း မီးလောင်မှု ဖြစ်ပွားခဲ့လို့ အသစ် ပြန်ဆောက်ထားတာပါ။
ဓာတ်ပုံ- Thein Sann











