Home
မြန်မာသတင်း
မြန်မာအစိမ်းရောင်ကွန်ရက် လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေး
ထွန်းထွန်းသိန်း
·
November 29, 2018
47189889_2040691829328619_9058342591430393856_o
မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ (၇) ကြိမ်မြောက်တွေ့ဆုံပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ  မြို့တော်ခန်းမမှာ နိုဝင်ဘာ ၂၉ရက်က စတင်ကျင်းပနေပါတယ်။ ဆွေးနွေးပွဲမှာ ဒေသခံတွေရဲ့သဘာဝအရင်းအမြစ် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးကို အဓိကထား ဆွေးနွေးသွားမယ်လို့ မြန်မာအစိမ်းရောင်ကွန်ရက်တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တွေ နိုင်ငံအနှံ့ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ တက်ရောက်နေပါတယ်။ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ၁ရက်အထိ ၃ ရက်တာ ကျင်းပမှာဖြစ်ပြီး တွေ့ဆုံပွဲအပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နေရာတွေပျက်စီးတဲ့ နေရာတွေကို ကွင်းဆင်း သွားရောက်ကြဖို့ ရှိပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024