DVB Logo
Home
မြန်မာသတင်း
ဒေသထွက်သစ်သီးဝလံများ နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေ
DVB
·
November 28, 2018
ဒေသထွက်သစ်သီးဝလံများ နိုင်ငံတကာဈေးကွက်ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေ
Donate to DVB

ဒေသထွက်ကုန်တွေဖြစ်တဲ့ သစ်သီးဝလံ အမျိုးအစားသစ်တွေ တရုတ်နိုင်ငံကို တိုးချဲ့တင်ပို့ နိုင်အောင်နဲ့ နိုင်ငံတကာ ဈေးကွက်အထိ တိုးဖောက်ဝင်ရောက်နိုင်အောင် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းက ပြောပါတယ်။

နေပြည်တော်မှာရှိတဲ့ ဟိုတယ် Amara မှာ နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေက မြန်မာ့ဥယျာဉ်ခြံ သီးနှံကဏ္ဍ ရေရှည်ခိုင်မာတည်တံ့စေရေး စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဒီလိုတိုးချဲ့တင်ပို့ရောင်းချမယ့် သစ်သီးဝလံတွေကို တရုတ်နိုင်ငံကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးနဲ့ ကွပ်ကဲရေးဝန်ကြီးဌာန (AQSIQ) မှာ မှတ်ပုံတင်ပြီး တရားဝင်တင်ပို့ နိုင်အောင် စီးပွားကူးရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲမှာတော့ စိုက်ပျိုးထုတ်လုပ်သူတွေက လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမှာတော့ လောင်ငံ၊ တော်ကြက်မောက်၊ ကြက်မောက်သီးနဲ့ လိုက်ချီးသီးတွေကို တရုတ်နိုင်ငံရဲ့ ဘယ်နယ်စပ်ဂိတ်ပေါက်ကမဆို တင်ပို့ရောင်းချနိုင်ပြီးတော့ ဖရဲသခွားမွေးသီး ဇီးသီး သရက်တွေကိုတော့ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ ရွှေလီဝင်ပေါက်ကနေပဲ တင်သွင်းခွင့် ရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013