DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင်  ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ
DVB
·
November 28, 2018
မြစ်ကြီးနားတွင်  ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ
Donate to DVB

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နဲ့ ကချင်ပြည်နယ် အခြေစိုက် အဖွဲ့အစည်းတွေရဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ဟိုတယ်မဒီရာမှာ နိုဝင်ဘာ ၂၇ ရက်က UNA အဖွဲ့နဲ့ ကချင်ပြည်နယ် အခြေစိုက်အဖွဲ့အစည်းတွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာတော့ UNA ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေရှင်းလင်းတာတွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးဖလှယ်ခဲ့ပါတယ်။

၂၀၀၈အခြေခံဥပဒေမှာ ရေးဆွဲထားတဲ့ ဥပဒေတွေဟာ တိုင်းရင်းသားပြည်နယ်တွေရဲ့ အကျိုးစီးပွားကိုခံစားပြီး ရေးဆွဲထားတာ မဟုတ်ဘူးလို့ KNC ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက “ကျတော်တို့ ကချင်ပြည်နယ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကျောက်မျက်ဥပဒေ၊ ဇီဝမျိုးကွဲဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေတွေဟာ ကျတော်တို့ တိုင်းရင်းသားပြည်နယ်တွေရဲ့ အကျိုးစီးပွားကိုခံစားပြီးမှရေးဆွဲတာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒီနှီးနှောဖလှယ်ပွဲကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် ၁၅ ဖွဲ့ရှိတဲ့ထဲမှာ ၁၄ ဖွဲ့တက်ရောက်ပြီး ကချင်ပြည်နယ်အခြေစိုက်အဖွဲ့အစည်း ၉ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။ UNA အတွင်းရေးမှူးကတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ အဓိက လုပ်ရမှာက ကိုယ်ဖာသာကိုယ်ရပ်တည်တာထက် မဟာမိတ်ပြုရမှာဖြစ်တယ်လို့ပြောပါတယ်။

UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က “ဒီခရီးစဉ်ရဲ့ အဓိကလုပ်ငန်းကတော့ လူမှုအဖွဲ့အစည်းတွေရဲ့အသံ အကြံဉာဏ်တွေကို လာရောက်နားထောင်တာပါ။”လို့ ပြောပါတယ်။

နှီးနှောဖလှယ်ပွဲမှာရရှိတဲ့ အချက်အလက်အကြံဉာဏ်တွေကို UNA အစည်းအဝေးမှာ တင်ပြမှာဖြစ်သလို နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့မနောကွင်းမှာ လူထုနဲ့ တွေဆုံမှာလည်း ဖြစ်ပါတယ်။

ဒါအပြင်UNAအနေနဲ့ တခြား ပြည်နယ်တွေကို သွားရောက်ပြီးလည်း အခုလို နှီးနှောဖလှယ် တွေ့ဆုံပွဲတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013