DVB Logo
Home
မြန်မာသတင်း
မိုးအောင်ရင်ကို မူးယစ်ဆေးရောင်းဝယ်မှုဖြင့်စွဲထားသည့်အမှု အမိန့်မချဖြစ်သေး
DVB
·
November 28, 2018
မိုးအောင်ရင်ကို မူးယစ်ဆေးရောင်းဝယ်မှုဖြင့်စွဲထားသည့်အမှု အမိန့်မချဖြစ်သေး
Donate to DVB

မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉ (က)နဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ပါ ၃ ဦး အမှုကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့က အမိန့်မချဖြစ်သေးဘဲ ဒီဇင်ဘာလ ၁၂ ရက်မှာ အမိန့်ချမယ်လို့ တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးမိုးကျော်က ပြောပါတယ်။

လက်ရှိမှာတော့သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးက အမိန့်ချ ထားတာကြောင့် အကျဉ်းသားတဦးဖြစ်နေတဲ့မိုးအောင်ရင်ကို အရှေ့ပိုင်းခရိုင်တရားရုံးက ၁၉(က)နဲ့ အမှုကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့သဗ္ဗာန်စာ တင်ပို့နိုင်ခြင်းမရှိသေးလို့ ဒီဇင်ဘာလ ၁၂ ရက်ကို ထပ်မံချိန်းဆိုခဲ့တာပါ။

မူးယစ်ပုဒ်မ ၁၉(က)မှာမူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးရောင်းချတာ ဒါမှမဟုတ် လက်ဝယ်ထားရှိတာ၊ သယ်ယူပို့ဆောင်၊ တဆင့်ပေးပို့၊ လွှဲပြောင်းပေးတာတွေ ကျူးလွန်ရင် ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် အပြစ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၉ ရက်က မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ သူ့ ရည်စားနေအိမ်မှာ ရဲတပ်ဖွဲ့ကသွားရောက် ဖမ်းဆီးခဲ့ရာမှာ အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့ အတူ ဖမ်းမိခဲ့တာပါ။

တာမွေမြို့နယ်မှာရှိတဲ့ မိုးအောင်ရင်ရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေ ခဲ့ရာမှာလည်း သူ့ရဲ့ သူငယ်ချင်း လူလူသန်းဦးနဲ့ ဘုန်းမြင့်အောင် (ခ) ဒေးဗစ်တို့ကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ၂ နှစ်ကျော်ကြာ တရားစွဲဆိုခံနေရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကို မနေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှာ တရားသူကြီးက မူးယစ် ပုဒ်မ ၁၅ နဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၆(ဂ)နဲ့ထောင်ဒဏ် ၅ နှစ် တပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013