DVB Logo
Home
မြန်မာသတင်း
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို  ဂုဏ်သိက္ခာအကြီးမားဆုံး သတင်းသမားဆုချီးမြှင့်
DVB
·
November 28, 2018
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို  ဂုဏ်သိက္ခာအကြီးမားဆုံး သတင်းသမားဆုချီးမြှင့်
Donate to DVB

လန်ဒန်အခြေစိုက် နိုင်ငံခြားသတင်းထောက်အသင်းက  ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို  Journalist of the Year ဆု ချီးမြင့်လိုက်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၈ ခုနှစ်အတွက်  ဂုဏ်သိက္ခာ အကြီးမားဆုံး သတင်းသမားဆု ပေးအပ်လိုက်တာပါ။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်၊ အင်းဒင်ရွာ လူသတ်မှုအကြောင်း သတင်းဆောင်းပါး ရေးသားဖို့ သတင်းလိုက်ရင်း ၂၀၁၇ ဒီဇင်ဘာက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာလ ၁၈ ရက်မှာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

လန်ဒန်အခြေစိုက် Foreign Press Association (FPA)  နိုင်ငံခြား သတင်းထောက်အသင်း ကမ္ဘာတ၀န်းမှာရှိတဲ့ သတင်းထောက်တွေကို နှစ်စဉ်ချီးမြှင့်နေရာမှာ  အခုဆိုရင် နှစ်ပေါင်း ၁၃၀ ကြာရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013