DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် မသန်စွမ်းကျောင်းသားများကို ဖိတ်ခေါ်
DVB
·
November 28, 2018
တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် မသန်စွမ်းကျောင်းသားများကို ဖိတ်ခေါ်
Donate to DVB

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် မသန်စွမ်းကျောင်းသားတွေ အနေနဲ့ မိမိတို့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့အတွက် မသန်စွမ်းသူဖြစ်ကြောင်းကို တင်ပြကြဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တိုက်တွန်းပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမယ့် မသန်စွမ်းကျောင်းသားကို ပညာရေး ဝန်ကြီးဌာနကနေ အထူးအခွင့်အရေးတရပ်အနေနဲ့ စာမေးပွဲ ဖြေဆိုချိန်ကို ပုံမှန်ကျောင်းသားတွေ ထက် မိနစ် (၃၀) အပိုပေးဖြေဆိုခွင့်ပြုထားပါ။

ဒါကြောင့် ဒီပညာနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမယ့် မသန်စွမ်း ကျောင်းသားတွေအနေနဲ့ မိမိတို့အခွင့်အရေးကို မဆုံးရှုံးစေဖို့ မိမိတို့ရဲ့မသန်စွမ်းမှု အလိုက် အားနည်းချက်တွေကို သက်ဆိုင်ရာကျောင်းတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေကို တင်ပြတောင်းဆို ကြဖို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတိုက်တွန်းလိုက်တာပါ။

တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတဲ့ မသန်စွမ်းသူတွေထဲမှာ ကိုယ်အင်္ဂါ သန်စွမ်းသူတွေ၊ အမြင်အာရုံ မသန်စွမ်းသူတွေနဲ့ အကြားအာရုံ မသန်စွမ်းသူတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ မသန်စွမ်းသူတွေအတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ သီးသန့်စာဖြေခန်းတွေပေးပြီး ဖြေဆိုခွင့်ပြုခဲ့တာတွေရှိပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမယ့်နေ့ အချိန်ဇယားကိုတော့ ဒီဇင်ဘာလအတွင်းမှာ ကြေညာပေးသွားမှာပါ။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့တက္ကသိုလ်ဝင် စာမေးပွဲကို မသန်စွမ်းသူတွေ ရာနဲ့ချီ ဖြေဆိုခဲ့ပြီး ဂုဏ်ထူးရရှိသူတွေနဲ့ ရိုးရိုးအောင်မြင်သူတွေ ရှိခဲ့ပါတယ်။

အခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့်နှစ် မတ်လအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး တနိုင်ငံလုံးက ကျောင်းသား၊ ကျောင်းသူ ၈၉၀၀၀၀ကျော် ၀င်ရောက်ဖြေဆို မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013