DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင်ဖမ်းမိသည့် လှေစီးဘင်္ဂါလီ ၉၀ ကျော်ကို ရခိုင်ပြည်နယ်သို့ပြန်ပို့
DVB
·
November 28, 2018
တနင်္သာရီတွင်ဖမ်းမိသည့် လှေစီးဘင်္ဂါလီ ၉၀ ကျော်ကို ရခိုင်ပြည်နယ်သို့ပြန်ပို့
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးဘုတ်ကျွန်းနားမှာ စက်လှေစီးပြီးဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးပြီး ရခိုင်ပြည်နယ်ဘက်ကို ရေတပ်စစ်သင်္ဘောနဲ့  ပြန်ပို့လိုက်ပြီလို့ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးဘုတ်ကျွန်းနားက ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ဘင်္ဂါလီ ၉၀ ကျော်တင်ဆောင်လာတဲ့ စက်လှေတစီးကို တပ်မတော်စစ်ရေယာဉ်က ဖမ်းမိခဲ့တာပါ။

ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စောနောင်က “မနေ့ညက သက်ဆိုင်ရာကို ပြန်ပို့ပါတယ်ခင်ဗျ။ စစ်တွေက ထွက်လာတယ်ဆိုတာ သိတဲ့အတွက်ကြောင့် မို့လို့ စစ်ဆေးပြီးတော့ ပြန်ပို့လိုက်ပါပြီ။ စစ်သင်္ဘောနဲ့ ပြန်ပို့တာပါ” လို့ ပြောပါတယ်။

စက်လှေနဲ့လိုက်ပါလာသူတွေဟာ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာကနေ မလေးရှားနိုင်ငံကို ထွက်ခွာလာရာမှာ လမ်းမှားရောက်ရှိလာတာဖြစ်ပြီး ကလေးငယ် ၃၂ ယောက်နဲ့ လူကြီး ၆၁ ယောက်ပါတယ်လို့ တိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်ကလည်း စစ်တွေမြို့ဒုက္ခသည်စခန်းကနေ ထွက်ခွာလာတဲ့ ဘင်္ဂါလီ ၁၀၀ ကျော်ပါတဲ့ စက်လှေတစီး ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်မှာ ဖမ်းမိခဲ့လို့ စစ်တွေကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013