DVB Logo
Home
မြန်မာသတင်း
ဒီဇင်ဘာတွင် မြူထူဆိုင်းနိုင်သဖြင့် လေကြောင်းရေကြောင်းခရီး မိုးဇလသတိပေး
DVB
·
November 28, 2018
ဒီဇင်ဘာတွင် မြူထူဆိုင်းနိုင်သဖြင့် လေကြောင်းရေကြောင်းခရီး မိုးဇလသတိပေး
Donate to DVB

ဒီဇင်ဘာလအတွင်းပြည်နယ်တိုင်းအားလုံး မနက်ပိုင်းမှာ မြူထူတွေဆိုင်းနိုင်တဲ့အတွက် လေကြောင်းနဲ့ရေကြောင်း ခရီးစဉ်တွေ သတိထားကြဖို့ မိုးဇလဌာနက သတိပေး နှိုးဆော်လိုက်ပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “အထူးသဖြင့်တော့ တောင်ပေါ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နောက်ရှမ်းပြည်နယ်ပေါ့ ဒီ ဒေသတွေမှာ ပိုပြီးတော့မှ မြူထူကျရောက်နိုင်တဲ့အနေအထားရှိတယ်။ မြူထူကျပြီဆိုရင် လေကြောင်းသွားလာရေး၊ ရေကြောင်းသွားလာရေးတွေမှာ အထူးသတိပြုဖို့လိုပါတယ်၊”လို့ ပြောပါတယ်။

မြူထူဆိုင်းတဲ့အခါ အဝေးမြင်ကွင်းမကောင်းလို့ မတော်တဆမှုတွေ ဖြစ်တတ်တာကြောင့် အထူးသတိထားကြဖို့လည်း ပြောပါတယ်။

ဒီဇင်ဘာ ၁၀ရက်ပတ်အတွင်း ပြည်နယ်တိုင်းအားလုံးမှာ ၃ရက်ကနေ ၆ရက်ခန့်အထိ မြူထူဆိုင်းနိုင်ပြီး ကချင်၊ချင်းစတဲ့ တောင်ပေါ်ဒေသတွေမှာတော့ ဒီဇင်ဘာ တလလုံးမှာ ရက် ၂၀ ကျော်လောက်ထိ မြူထူဆိုင်းနိုင်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလဆန်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ကချင်အပါအ၀င် ပြည်နယ်တိုင်း ၃ခုမှာ ညအပူချိန်တွေ ကျဆင်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီဇင်ဘာပထမ ၁၀ရက်ပတ်အတွက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့  ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ ဒီဇင်ဘာလရဲ့ ပျမ်းမျှအပူချိန် အောက်(၁.၅)ဒီဂရီစင်တီဂရိတ် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ဒီဇင်ဘာလရဲ့ ပျမ်းမျှအပူချိန်ထက် ၁.၅ဒီဂရီစင်တီဂရိတ် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ ဒီဇင်ဘာလရဲ့ ပျမ်းမျှအပူချိန် ခန့်သာရှိနိုင်ပါတယ်။

ဒီဇင်ဘာလထဲမှာ မိုးရွာနိုင်သေးပြီး တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်တို့မှာတော့ ရွာသွန်းမြဲခန့် ရွာနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013