DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူဆရာတော်ဈာပန မီးရှုးမီးပန်းအလှ ထိုင်းဘတ်ငွေ ၇ သိန်းကျော် အကုန်အကျခံကျင်းပ
DVB
·
November 28, 2018
မြိုင်ကြီးငူဆရာတော်ဈာပန မီးရှုးမီးပန်းအလှ ထိုင်းဘတ်ငွေ ၇ သိန်းကျော် အကုန်အကျခံကျင်းပ
1 / 9
Donate to DVB

မြိုင်ကြီးငူဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇနရဲ့ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို မီးရှုးမီးပန်းအလှ ထိုင်းဘတ်ငွေ ၇ သိန်းကျော် အကုန်အကျခံပြီး နိုဝင်ဘာ ၂၇ ရက် ည နာရီက လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ စည်းကားစွာ ကျင်းပခဲ့ပါတယ်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက "ထိုင်းဘတ်ငွေ ၇ သိန်းကျော်ကုန်တယ်။ ပညာရှင်ကတော့ ထိုင်းပညာရှင်ပဲ လုပ်ယူရတာ တော်တော်ကြာတယ်။ ၁၅ ရက်လောက်တော့ရှိမယ်။ အမှန်တကယ်ဆိုရင် အချိန်ရှိရင် အမြင့်ကြီး ဆင်မှာ။ အချိန်ကမရှိဘူး။"လို့ ပြောပါတယ်။

မြိုင်ကြီးငူ အထူးဒေသ၊ တိုက်အုပ်ဆရာတော် ဦးဥာန္ဒိက"မီးရှုးမီးပန်းဆင်တာကတော့ ဗိုလ်မှူးကြီး ချစ်သူဦးဆောင်တာ။ အခုလို ဆရာတော်ဘုရားရဲ့ အန္တိမဂ္ဂိနာဈာပနာမီးရှို့ပွဲအချိန်မှာ စုံစုံညီညီညွှတ်ညွှတ်နဲ့ ပြည့်ပြည့်စုံစုံလာရောက်ပြီးတော့ ကူညီပံ့ပိုးတဲ့ ဒကာ ဒကာမတွေအားလုံးကို ကျေးဇူးအထူးပဲ တင်ပါတယ်"လို့ ပြောပါတယ်။

အဆိုပါအခမ်းအနားကို ဆရာတော်ကြီးရဲ့ ဆွေတော်မျိုးတော်တွေ၊ တပ်မတော်မှ အရာရှိကြီးတွေ၊ ပြည်နယ်အစိုးဖွဲ့ စိုက်ပျိုးရေး မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီး၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ အပါအ၀င် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ရပ်နီးရပ်ဝေးမှ ဒကာ ဒကာမတွေ တက်ရောက်ပြီး ဆရာတော်ကြီးကို နောက်ဆုံးအကြိမ် ဖူးမြော်ကန်တော့ခဲ့ကြပါတယ်။

မနက် ၈ နာရီက ကျေးဇူးရှင်မြိုင်ကြီးငူဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇနရဲ့ အန္တိမအဂ္ဂိ ဈာပန သာဓုကီဠာနပူဇော်ပွဲ နဲ့ တပည့်အများရဲ့ ပစ္ဆိမဝန္ဒနာ ဝန်ချတောင်းပန်ကန်တော့တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ ကြွင်းကျန်တဲ့ အရိုးပြာတွေကို နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီက သံလွင်မြစ်အတွင်း ရေမျောတဲ့ အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013