DVB Logo
Home
မြန်မာသတင်း
‘အမှိုက်ကရွှေဖြစ်’ ဓာတ်ပုံပြိုင်ပွဲကျင်းပ    
DVB
·
November 28, 2018
‘အမှိုက်ကရွှေဖြစ်’ ဓာတ်ပုံပြိုင်ပွဲကျင်းပ    
Donate to DVB

စွန့်ပစ်ပစ္စည်းတွေကို ပြန်အသုံးချတာနဲ့ ပတ်သက်တဲ့ ဓာတ်ပုံပြိုင်ပွဲတခုကို ဂျာမန် ယဉ်ကျေးမှုအဖွဲ့က လူမှုကွန်ရက်မှာ စတင် ပြုလုပ်လိုက်ပါတယ်။

Goethe-Institut မြန်မာက ဦးဆောင်ပြီး လှတယ် (Hla Day)၊ ခြူးခြူး (Chu Chu) တို့နဲ့ ပူးပေါင်းတဲ့ “အမှိုက်ကရွှေဖြစ်” ဆိုတဲ့ ဓာတ်ပုံပြိုင်ပွဲကို ပြုလုပ်တာပါ။

စွန့်ပစ်ပစ္စည်းတွေကို လူမှုပတ်ဝန်းကျင်မှာ တန်ဖိုးမြင့်ပစ္စည်းတွေအဖြစ် ပြန်အသုံးပြု နေတာတွေကို မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ကိုယ့်ရဲ့ ဖေ့စ်ဘွတ်ခ်၊ ဒါမှမဟုတ် အင်စတာဂရမ်မှာ #upcyclingmm ဆိုတဲ့ ချိတ်ဆက်စာနဲ့ တင်ရမှာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံပြိုင်ပွဲမှာ ဘယ်သူမဆိုပါဝင်နိုင်ပြီး ပြိုင်ပွဲက ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

ဆုရရှိသူ ၁၀ ယောက်ရဲ့ ဓာတ်ပုံတွေကို ဝန်ကြီးများရုံးမှာလုပ်မယ့် Pure Gold မြန်မာ အနုပညာပြပွဲမှာ ပြသမှာဖြစ်ပြီး ဒီထဲက ထိပ်ဆုံးဆုရသူ ၃ ယောက်ကိုတော့ လှတယ် (Hla Day) ရဲ့ ဈေးဝယ်ကူပွန်တွေပေးမယ်လို့ ဆိုပါတယ်။

လှတယ် (Hla Day) ရဲ့ဦးဆောင်ဒီဇိုင်နာ အူလာခရိုဘာက “မြန်မာနိုင်ငံမှာ စိတ်ကူး စိတ်သန်းကောင်းပြီး လုပ်ရည်ကိုင်ရည်အပြည့်နဲ့ လက်တွေ့ကျကျ အကောင်အထည် ဖော်တဲ့ သူတွေရဲ့ပြန်လည်ပြုလုပ်ဖန်တီးမှုများစွာကို တွေ့မြင်နေရပါတယ်။ သုတ်ဆေးပုံးတပုံး ဖြစ်နေပါစေ၊ အခုချိန်မှာတော့ ထိုင်ခုံတလုံးဖြစ်ချင်ဖြစ်နေမယ်။ ပန်းချီဆေးစပ်ရာ ပန်းကန်ပြား တချပ်ကလည်း အခုချိန်မှာ စားပွဲတလုံး ဒါမှမဟုတ် ပလတ်စတစ်ရေဘူးတဘူးကလည်း အခုချိန်မှာ ပန်းပင်စိုက်အိုး တလုံးဖြစ်နေပါတယ်။ ဒါတွေကို ကျမတို့ ပတ်ဝန်းကျင် နေရာအတော်များများမှာ တွေ့နေရပြီးတော့ အဲ့ဒီလို တန်ဖိုးမြင့် ပစ္စည်းတွေအဖြစ် အသုံးပြုနေတာကို ကျမတို့အနေနဲ့ ကမ္ဘာက သိအောင် ချပြချင်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Pure Gold မြန်မာ အနုပညာပြပွဲဟာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တန်ဖိုးမြင့်အဖြစ် ပြန်လည် ဖန်တီးထားတာတွေကို အဓိကထား ဖော်ထုတ်ပြသမှာဖြစ်ပြီး ရန်ကုန်မြို့က ဝန်ကြီးများရုံးမှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ဇန်နဝါရီ ၆ ရက်အထိ ကျင်းပသွားမှာပါ။

ဓာတ်ပုံ ပြိုင်ပွဲ ပြပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ Goethe-Institut ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာဖြစ်တဲ့ https://www.facebook.com/events/2161911417363284 မှာ ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013