DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ခိုင်မြဲတည်တံ့အောင် ကြိုးပမ်းသွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူပြော
DVB
·
November 28, 2018
ငြိမ်းချမ်းရေး ခိုင်မြဲတည်တံ့အောင် ကြိုးပမ်းသွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူပြော
Donate to DVB

မြိုင်ကြီးငူဆရာတော် လမ်းညွန်တဲ့အတိုင်း ပြည်သူလူထု အစိုးရနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး ခိုင်မြဲတည်တံ့အောင် ကြိုးစားသွားမယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက်မနက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသမှာပြုလုပ်တဲ့ ကျေးဇူးရှင်မြိုင်ကြီးငူဆရာတော် ဘုရားကြီး ဘဒ္ဒန္တသုဇနရဲ့ အန္တိမအဂ္ဂိဈာပနသာဓုကီဠာနပူဇော်ပွဲနဲ့ တပည့်တွေရဲ့ ပစ္ဆိမဝန္ဒနာ ဝန်ချတောင်းပန်းကန်တော့ပွဲ အခမ်းအနားမှာ ပြောသွားတာပါ။

ဗိုလ်မှူးကြီးစောချစ်သူက"နှစ်ပေါင်း ၅၀ ကျော် စစ်ပြေးစစ်ဒဏ်အောက်မှာ တရက်မလွတ်ခဲ့ဘူး။ ကရင်ပြည်နယ်မှာ အဲလိုဘဝမျိုး ပြန်မရောက်အောင် ကျနော်တို့ ဆရာတော်ရဲ့လမ်းညွန်မှုအတိုင်း ပြည်သူလူထုနဲ့ လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီး အကောင်းဆုံး ငြိမ်းချမ်းရေးခိုင်မြဲ တည်တံ့သွားအောင်တော့ ကြိုးစားသွားမယ်"လို့ ပြောပါတယ်။

သာသနနုဂ္ဂဟအသင်း၊ တေရဝါဒဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ က "ပြောလို့ရှိရင် နေ့ရောညရော သွားလို့ရတာ ဒီကရင်ပြည်နယ် တခုပဲလို့ တောင်ပြောလို့ရတယ်။ အဲဒါ ဆရာတော်ကြီးကျေးဇူးပါ။ အဲဒါလည်း ဘယ်တော့မှ ပျက်သွားစရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့ဆို ဖောင်ဒေးရှင်းက ချထားတာ တော်တော်လေး ခိုင်မာသွားတဲ့အနေအထားရှိတယ်"လို့ ပြောပါတယ်။

ဆရာတော် ရုပ်ကလာပ်တော်ကို ရပ်ဝေးရပ်နီးက ဒကာ၊ ဒကာမတွေ ဖူးမျှော်နိုင်ဖို့ ရက်ပေါင်း ၄၅ ရက်ကြာ စံကျောင်းတော်မှာ အပူဇော်ခံထားရှိခဲ့ပြီးနောက်  နိုဝင်ဘာ ၂၃ ရက်က ရုပ်ကလာပ်တော် မီးလောင်တိုက်ထားရှိရာ ကွင်းပြင်ကို ပို့ဆောင်ခဲ့ကာ ဒီကနေ့ည ၁၂ နာရီမှာ မီးသဂြိုဟ်မှာပါ။

သက်တော် ၇၁ နှစ်၊ ၀ါတော် ၅၁ ၀ါရှိ မြိုင်ကြီးငူဆရာတော် ဦးသုဇနဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အဆုပ်နဲ့ အသည်းရောဂါခံစားခဲ့ရပြီး ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသ မှုခံယူနေစဉ် အောက်တိုဘာ ၁၃ ရက်က ပျံလွန်တော်မူသွားခဲ့တာပါ။

ဆရာတော်ဟာ ဗုဒ္ဓဘာသာသာသနာထွန်းကားရေးအတွက် တောင်ပေါ်မြေပြန့် မကျန်လှည့်လည်ပြီး သာသနာတော်ပြန့်ပွားရေး ဆောင်ရွက်ခဲ့သလို စစ်ဘေးရှောင် ရွာသား ၅၀၀၀ ကျော်ကိုလည်း စောင့်ရှောက်ပေးထားတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013