DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ရထားလမ်းကို ကီလို ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဆောင်ရွက်နေ
DVB
·
November 28, 2018
ရန်ကုန်-မန္တလေး ရထားလမ်းကို ကီလို ၁၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဆောင်ရွက်နေ
Donate to DVB

ရန်ကုန်-မန္တလေး မီးရထားလမ်းကို  ၂၀၂၃ ခုနှစ်မှာ တနာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနှင်ပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတယ်လို့ မြန်မာ့မီးရထားဌာနက ပြောကြား လိုက်ပါတယ်။

မြန်မာ့မီးရထားဌာန အထွေထွေမန်နေဂျာ ဦးဘမြင့်က “၂၀၂၃ အကုန်ဆိုရင် ရထားလမ်းတွေက အားလုံး ရန်ကုန်-မန္တလေးရော၊ ရန်ကုန်မြို့ပတ်လမ်းရော အတော်လေးကို ကောင်းပြီးတော့ ရန်ကုန်-မန္တလေး ဆိုရင် ကီလို မီတာ ၁၀၀ လောက်နဲ့ ပြေးနိုင်အောင် ကြိုးစားပါ့မယ်။ စက်ခေါင်း သံလမ်းပြေးကားအသစ်တွေ အဲ့ယားကွန်းပါတဲ့ လေအိပ်ကားလေးတွေ ပြေးမယ့်အတွက်ကြောင့်မလို့ ခရီးသည်တွေ သက်သောင့်သက်သာနဲ့ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်မှာပါ”လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်- မန္တလေး ရထားလမ်းမှာ နှစ် ၁၀၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တံတားတွေကို အသုံးပြုနေရပြီး အစားထိုးပြုပြင်တည်ဆောက်မှုတွေ၊ ဇလီဖားတုံး အစားထိုးလဲလှယ်မှုတွေနဲ့ တခြားပြုပြင်ထိန်းသိမ်းမှုတွေကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်ကနေ မန္တလေးအထိ ရထားခရီးချိန်ကြာမြင့်မှုဟာ ၁၄ နာရီရှိပြီး ရထားလမ်းတွေ ပြင်ဆင်ပြီးစီးသွားပါက အချိန် ၈ နာရီပဲ  ကြာမြင့်တော့မယ်လို့လည်း အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပါတယ်။

မီးရထားဌာနအနေနဲ့  ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်မြို့ပတ်လမ်းစတဲ့ လမ်းမကြီး ၅ ခုကို အဓိကထား အဆင့်မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့ပတ်လမ်းကို JICA၊  မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ကိုရီးယားဘဏ်၊ ရန်ကုန်-ပြည်လမ်းပိုင်းကို ADBနဲ့ EIB၊  ရန်ကုန်-မော်လမြိုင်လမ်းပိုင်းကိုတော့ နိုင်ငံတော် အစိုးရဘတ်ဂျတ်နဲ့ အိန္ဒိယအကူအညီတွေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013