DVB Logo
Home
မြန်မာသတင်း
ဘုရားပေါ် စကတ်တိုဖြင့်မတက်ရန် တားဆီးသည့်အပေါ် ရန်ပြုခဲ့သည့် အမျိုးသမီး ၃ ဦးကို အမှုဖွင့် (ရုပ်သံ)
DVB
·
November 28, 2018
ဘုရားပေါ် စကတ်တိုဖြင့်မတက်ရန် တားဆီးသည့်အပေါ် ရန်ပြုခဲ့သည့် အမျိုးသမီး ၃ ဦးကို အမှုဖွင့် (ရုပ်သံ)
Donate to DVB



ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ရွှေဆံတော်ဘုရားပေါ် စကတ်တိုနဲ့ မတက်ရောက်ဖို့ တားဆီးခဲ့တဲ့ ရဲမေကို ကိုယ်ထိလက်ရောက် တုံ့ပြန်ခဲ့တဲ့ အမျိုးသမီး ၃ ဦးအား ဝတ္တရား နှောင့်ယှက်မှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

နိုဝင်ဘာ ၂၃ ရက် ညက ပြည် ရွှေဆံတော်ဘုရား၊ စွယ်တော်တိုက်ထဲကို စကက်တိုတွေ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတချို့ ဝင်လာတာကြောင့် မဝင်ရောက်ဖို့ တာဝန်ကျရဲမေတွေက တားဆီးခဲ့ပါတယ်။ ဒီလိုတားဆီးခဲ့တဲ့ ရဲမေတွေအပေါ် ကိုယ်ထိလက်ရောက် ရန်ပြုခဲ့တဲ့ အမျိုးသမီးတွေကို အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းအောင်က ပြောပါတယ်။

စကတ်အတို ဝတ်ဆင်လာတဲ့ အမျိုးသမီးတွေကို ဘုရားပေါ်မတက်ခင် ဓာတ်လှေခါးမှာ ကတည်းက ဘုရားဝန်ထမ်းတွေက တားဆီးပြီး ထဘီပေးဝတ်ခဲ့ပေမယ့် အတင်းငြင်းဆန်ပြီး လှေခါးကနေ ဘုရားပေါ်ကို တက်သွားကြတာလို့ ဘုရားဝန်ထမ်းတွေက ပြောပါတယ်။

ရွှေဆံတော်ဂေါပကအဖွဲ့ အုပ်ချုပ်ရေးမှူး ဦးငွေမောင်းက “ရဲမေနှစ်ယောက်ဖြစ်တဲ့ စုစန္ဒာနဲ့ ယုဇင်ဦးတို့ တားဆီးတဲ့အခါမှာလည်း သူတို့က ရဲမှူးကတော်တွေလို့ပြောပြီး ရဲမေကို ရန်ပြုတာ” လို့ ပြောပါတယ်။

ဒီကိစ္စအတွက် နိုဝင်ဘာ ၂၆ ရက်က ကိုယ်ထိလက်ရောက် ပြုခဲ့တဲ့ ကာယကံရှင်တွေက ဘုရားဂေါပကနဲ့ ရဲမေနှစ်ယောက်ကို လာရောက်တောင်းပန်ခဲ့ပြီး ကျေအေးကြောင်း လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ဗွီဒီယိုဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီးနောက် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ မကြည်ကြည်မော်၊ မသူသူဇင်နဲ့ ဒေါ်ခင်ခင်ဋ္ဌေးတို့ကို ဝတ္တရားနှောင့်ယှက်မှု၊ ပြည်သူ့ဝန်ထမ်းကို ဒဏ်ရာရအောင်လုပ်မှု၊ အားပေးကူညီမှုတွေဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ၃၃၂၊ ၁၁၄ တွေနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

သတင်း၊ ရုပ်သံ - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013