မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၅၉၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၅၀၀၀ ရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၉၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၈၂၈၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၈၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ) က ၄၅ ပိဿာဝင် တအိတ်ကို ၂၃၀၀၀၀ ကနေ ၂၅၅၀၀၀ ရှိပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက တအိတ်ကို ၁၇၃၀၀၀ ကနေ ၁၈၁၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၂၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၆၅၀ ကနေ ၈၅၀ ပေါက်ဈေးရှိပြီး တပိဿာကို ၇၅ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၆၀၀ ကနေ ၈၇၅ ကျပ်ရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











