DVB Logo
Home
မြန်မာသတင်း
မှော်ယောကြီးဆင်စခန်းမှ ဆင်ကလေး ၄ကောင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးသွားမည်
DVB
·
November 27, 2018
မှော်ယောကြီးဆင်စခန်းမှ ဆင်ကလေး ၄ကောင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးသွားမည်
1 / 9
Donate to DVB

မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး မှော်ယောကြီးဆင်စခန်းမှ ဆင် လေးကောင်ကို ဂျပန်နိုင်ငံသို့ ပို့ဆောင်သွားမယ်လို့  ဆင်စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဂျပန်နိုင်ငံကို ပို့ဆောင်မယ့်ဆင်တွေမှာ ၁၅ နှစ်သား သုံးကောင်နဲ့ ၅ နှစ်သား  တကောင်တို့ပါဝင်ပြီး နိုဝင်ဘာ ၂၉ ရက်မှာ ဆင်စခန်းကနေ စတင်ပို့ဆောင်မှာ ဖြစ်ပါတယ်။

မှော်ယောကြီး ဆင်စခန်းတာဝန်ခံ ဦးကျော်ကျော်ထွန်းက “ဂျပန်ကိုပို့မယ့် ဆင်တွေကတော့ ဝန်တင်ဆင်အမျိုးအစားလို့ သတ်မှတ်ထားပါတယ်။ အသက်အားဖြင့်ကတော့ ၁၅ နှစ်ဝန်းကျင်ရှိတဲ့ ဆင်တွေ ဖြစ်ပါတယ်။ ဆင်ပေါက်တကောင်ကတော့ ၅ နှစ်ဝန်းကျင်ရှိပါတယ်။”လို့ ပြောပါတယ်။

ဂျပန်နိုင်ငံသို့ပို့ဆောင်မယ့် ဆင်တွေကို ရွေးချယ်လေ့ကျင့်ပေးထားပြီး အမိန့်နာခံတတ်တဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ဆင်တွေကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

ဆင်တွေကို နိုဝင်ဘာ ၂၉ ရက်မှာ မှော်ယောကြီးဆင်စခန်းမှ ကားနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပြီး လေယာဉ်နဲ့ ဂျပန်နိုင်ငံသို့ ဆက်လက်ပို့ဆောင် သွားဖြစ်ပါတယ်။

မှော်ယောကြီးဆင်စခန်းကို မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနက ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ ဆင်အကောင်ရေ ၂၈ ကောင်ရှိကာ ရုရှားနိုင်ငံ ကိုလည်း ဆင်သုံးကောင် ထပ်မံပေးပို့ဖို့ စီစဉ်နေပါတယ်။

မှော်ယောကြီးဆင်စခန်းအနေနဲ့ ပြည်ပနိုင်ငံတွေကို ချစ်ကြည်ရေးအရ ဆင်တင်ပို့မှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013