DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မူလွန်ကျောင်းအုပ်ဆရာမထံက စိတ်ကြွဆေးပြား ၅၀၀၀ကျော် ဖမ်းဆီးရမိ
DVB
·
November 27, 2018
မုံရွာတွင် မူလွန်ကျောင်းအုပ်ဆရာမထံက စိတ်ကြွဆေးပြား ၅၀၀၀ကျော် ဖမ်းဆီးရမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်မှာ မူလတန်းလွန် ကျောင်းအုပ်ဆရာမ တဦးထံကနေ စိတ်ကြွဆေးပြား ၅၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။

မူးယစ်တပ်ဖွဲ့စု ၈ ကနေ ဦးဆောင်ပြီး မူးယစ်ဆေးဝါးသတင်းအရ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းက အသွင်ယူစောင့်ဆိုင်း ဖမ်းဆီးရာမှာ ကျောင်းအုပ် ဆရာမဒေါ်နုနုလွင်နဲ့  အတူရှိနေတဲ့ ဒေါ်နာဘိုတို့ ကို စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ဆရာမ ဒေါ်နုနုလွင်ဟာ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ၊ မူလွန်ကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဒေါ်နာဘိုကတော့ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်းကျေးရွာနေသူဖြစ်ကာ မူးယစ်ဆေးဝါး အရောင်းအဝယ်အတွက် အချိန်းအချက် ပြုလုပ်စဉ် ရဲက ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မူးယစ်တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတပ်ဖွဲ့၊ သက်သေတွေနဲ့အတူ ရှာဖွေရာမှာ ဆရာမရဲ့ ဆွဲခြင်းထဲက ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၂၆၇ သိန်းကျော်တန်ဖိုးရှိ  88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၉၈ ပြားစီပါ အထုပ် ၂၇ ထုပ် စုစုပေါင်း ၅၃၄၆ ပြား တွေ့ရှိခဲ့ပါတယ်။

ဒေါ်နာဘိုရဲ့ လက်ကိုင်အိတ်ထဲမှာတော့ လားရှိုး-မုံရွာ လေယာဉ်လက်မှတ် ၁ စောင် အပါအဝင် လက်ကိုင်ဖုန်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မူးယစ်ဆေးဝါးတွေကို တရွာထဲနေသူ တဦးထံက ဝယ်ယူခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ပါတယ်။

အခုဖမ်းဆီးရမိမှုက မုံရွာမြို့မရဲစခန်း မူးယစ်ပုဒ်မ ၁၇/၂၀၁၈အမှုရဲ့ ကွင်းဆက်ဖြစ်တယ်လို့ လည်း မူးယစ်တပ်ဖွဲ့စုက သိရပါတယ်။

အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကွင်းဆက်တရားခံတွေလည်း ကျန်နေသေးတဲ့အပြင် မူးယစ်ဆေးဝါးသိမ်းဆည်းစရာတွေလည်း ကျန်ရှိနေသေးတယ်လို့ မူးယစ်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လတ်တလော အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး  မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013