DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ အခမဲ့ကုသပေးနေ
DVB
·
November 27, 2018
စစ်တွေတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ အခမဲ့ကုသပေးနေ
1 / 5
Donate to DVB

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်းကြီး စတဲ့ရောဂါ ၈ မျိုးကို နိုင်ငံတကာ အထူးကု ခွဲစိတ်ဆရာဝန်တွေက ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံမှာ  နိုဝင်ဘာ ၂၅ ရက်ကစပြီး ၁၀ ရက်ကြာ အခမဲ့ကုသပေးနေပါတယ်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ လည်ပင်းကြီး၊ ခြေပူး၊ လက်ပူး၊ မီးလောင်ဒဏ်ရာ၊ အဆီကျိတ်၊ စတဲ့ရောဂါတွေ ကုသတဲ့နေရာမှာ ၉၉ ရာခိုင်နှုန်းအထိ အကောင်းပတိဖြစ်တာကြောင့် ဒေသခံတွေ လာရောက် ကုသမှုခံယူနေကြပါတယ်။

ဆေးကုသဖို့ရောက်ရှိလာတဲ့ လူနာ ၅၀၀ ကျော်ကို အလိုတော်ပြည့် ဆရာတော်ကြီးက  နေဖို့၊ စားဖို့၊ အိပ်ဖို့စတဲ့တာတွေက အခမဲ့စီစဉ်ပေးပြီး လူနာတွေစိတ်ချရတဲ့ အနေအထားရောက်မှ နေရပ် ပြန်ပို့ပေးပါတယ်။

ဂျာမနီနိုင်ငံက အထူးကု ခွဲစိတ်ပါရဂူတွေ၊ စစ်တွေမြို့က ဆရာဝန်ကြီးတွေ အခမဲ့ လာရောက် ကုသပေးနေတာဖြစ်ပြီး လာရောက်ဆေးကုသမှုတွေခံရသူတွေ အများစုကတော့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝ၊ ရန်ကုန်တိုင်းက လူနာတွေပါ လာရောက် ကုသမှု ခံယူခဲ့ကြတာပါ။

ခွဲစိပ်ကုသမှုကို ကမ္ဘာ့သာသနာပြု အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်ချက် သြ၀ါဒတွေနဲ့ မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ကမကထပြုလုပ်ပြီး စေတနာရှင်တွေရဲ့ ပူးပေါင်းလှူဒါန်းတာ ဖြစ်ပါတယ်။

ခုလိုကုသပေးနေတာ ဒီတကြိမ်ဆိုရင် ၈ ကြိမ်မြောက်ဖြစ်ပြီး လူနာ ၁၀၀၀ ကျော်ကို အခမဲ့ ကုသမှုအောင်မြင်ခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013