DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူတသန်းကျော်ရှိနေသည့် မြန်မာအချစ်ဟာသရုပ်ရှင် ဘူဇွာဟိုတယ်(နမူနာ)
DVB
·
November 27, 2018
ကြည့်ရှုသူတသန်းကျော်ရှိနေသည့် မြန်မာအချစ်ဟာသရုပ်ရှင် ဘူဇွာဟိုတယ်(နမူနာ)
Donate to DVB

မြန်မာအချစ်ဟာသရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဘူဇွာဟိုတယ် ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မူပိုင် နှင်းဆီရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဘူဇွာဟိုတယ်ဆိုတာကတော့ ချောင်းသာမှာ အသစ်ဖွင့်လိုက်တဲ့ ဟိုတယ်တခုဖြစ်ပြီး အဲဒီ ဟိုတယ်မှာ ၀န်ထမ်းအစစ်မရှိပဲမိသားစုတွေချည်း အလုပ်ပြန်ခန့်ထားတဲ့ ဟိုတယ်။ အဲဒီအချိန်မှာ သူတို့နဲ့ ဟိုတယ်ကို လာရောက်တည်းခိုတဲ့ဧည့်သည်တွေ ထိပ်တိုက်ကြုံတွေ့ရချိန်မှာတော့ ဘယ်လို အလွဲအချော်တွေ၊ ကမောက်ကမဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာပါ။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ မင်းသမီး ရွှေသမီးတို့က ခေါင်းဆောင်ပါ ၀င်ထားပြီး ဟာသသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ တက္ကသိုလ် ဂွမ်းပုံတို့နဲ့အတူ ဟာသ သရုပ်ဆောင်တွေအများကြီးက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဘူဇွာဟိုတယ် ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013