DVB Logo
Home
မြန်မာသတင်း
နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ ရွှေသမီးတို့ ခေါင်းဆောင်ပါဝင်သည့် အဆိပ်ရှိလူရိုင်းရုပ်ရှင်(နမူနာ)
DVB
·
November 27, 2018
နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ ရွှေသမီးတို့ ခေါင်းဆောင်ပါဝင်သည့် အဆိပ်ရှိလူရိုင်းရုပ်ရှင်(နမူနာ)
Donate to DVB


ထူးထူးခြားခြား အက်ရှင်ပြကွက်တွေ၊ တိုက်ခိုက်မှုတွေနဲ့ ရှုစားကြရမယ့် အဆိပ်ရှိ လူရိုင်းအမည်ရတဲ့ မြန်မာရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒုဋ္ဌ၀တီကိုလွန်၍ ရုပ်ရှင်ကားနဲ့ စတင်ခဲ့တဲ့ Golden Hour ရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။


မိသားစုရေးရာနဲ့ နှလုံးသားရေးရာ ပြဿနာတွေကြောင့် စိတ်ဝေဒနာ ခံစားရပြီး လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်တဲ့ လူငယ်တယောက်အကြောင်းကို ဒီကားထဲမှာ အဓိက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဘယ်လိုအက်ရှင်ဒရာမာ ပြကွက်တွေနဲ့ ပုံဖော် ရိုက်ကူးထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ် ပါတယ်။

ဒီကားထဲမှာတော့ တွဲဖက်မှုအသစ်တွေနဲ့ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ မင်းသမီး ရွှေသမီးတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးကလည်း ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

အဆိပ်ရှိ လူရိုင်းရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကား Trailer ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နိုင်းနိုင်း၊ ခါရာ၊ ထွန်းကိုကို၊ ရွှေသမီးတို့ ခေါင်းဆောင်ပါဝင်သည့် အဆိပ်ရှိလူရိုင်းရုပ်ရှင်(နမူနာ)