DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
November 26, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၇၆၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၃၀၀၀ ကနေ ၈၇၀၀၀ ရှိပြီးတအိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည် ဒိုင် တအိတ်ကို ၃၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၈၁၉၀၀  ပေါက်ဈေးရှိပြီး တအိတ်ကို ၂၃၀၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန် သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၈၀၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည် ဒိုင် တအိတ်ကို ၁၉၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူ က ၄၅ ပိဿာဝင် တအိတ်ကို ၁၇၀၀၀၀ ကနေ ၁၇၅၀၀၀ ပေါက်ဈေး ရှိပါ တယ်။

မကွေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၇၀၀၀၀ ကနေ ၁၇၈၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့ မကွေး ကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ်ဈေး ကွာခြား မှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်(စမုံ) တအိတ်ကို  ၂၂၀၀၀၀ ကနေ ၂၄၅၀၀၀ ရှိပြီး တအိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မကွေး ကုန်စည်ဒိုင်မှာတော့ တအိတ်ကို  ၂၃၅၀၀၀ ကနေ ၂၃၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၈၀၀၀  ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့မကွေး ကုန်စည်ဒိုင် တအိတ်ကို ၈၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ နှမ်းညိုက တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၅၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၆၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၈၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စီပီပြောင်း

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၄၅၀၀ ကနေ ၂၅၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

လားရှိုးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၂၇၀၀ ကနေ ၂၄၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့လားရှိုးကုန်စည်ဒိုင် တအိတ်ကို ၁၄၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းမျိုးစုံကတော့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အဆမတန် ဈေးကျဆင်းသွားခဲ့ပါတယ်။

နှမ်းအသစ်တွေ စတင်ဝင်ရောက်တော့မှာဖြစ်တဲ့အပြင် တရုတ်ဘက်က ရုတ်တရက် အ၀ယ်နည်းသွားတဲ့အတွက် ဈေးက ရုတ်တရက်ကျဆင်းသွားခဲ့တာပါ။

တရုတ်က အဓိက ၀ယ်ယူတဲ့ နှမ်းနက်(စမုံ)က နှစ်ရက်အတွင်း တအိတ်ကို ငွေကျပ် ၄၀၀၀၀ ကျော်ဈေးကျဆင်းပြီး နှမ်းဖြူကတော့ တအိတ်ကို ၁၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ နှမ်းညိုကလည်း တအိတ်ကို ၁၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013