DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ် ရှေးဟောင်းဘုရားတွင် လှူဒါန်းထားသည့် ရတနာများပျောက်ဆုံး
DVB
·
November 26, 2018
ပခုက္ကူမြို့နယ်  ရှေးဟောင်းဘုရားတွင် လှူဒါန်းထားသည့် ရတနာများပျောက်ဆုံး
Donate to DVB

ပခုက္ကူမြို့နယ်၊ ရေမျက်ကျေးရွာအနီးရှိ  ရှေးဟောင်းဘုရားတဆူဖြစ်တဲ့ ဂေါတမ ဘုရားအတွင်း ထီးတော်ငှက်မျက်နားမှာ လှူဒါန်းထားတဲ့ လက်ဝတ်ရတနာတွေ နိုဝင်ဘာ ၂၂ ရက်က  ပျောက်ဆုံးသွားတယ်လို့ အမှုဖွင့်ထားတယ်လို့ ဘုရားဂေါပကအဖွဲ့ထံက သိရပါတယ်။

ဘုရားဂေါပကအဖွဲ့  တွဲဖက်အတွင်းရေးမှူး ဦးဘိုအောင်က “ကျနော်တို့ စိစစ်တဲ့ အခါမှာ လက်စွပ်ခြောက်ကွင်းမှာ ကျောက်စီလက်စွပ်တွေဖြစ်တယ်။ ကျောက်စီလက်စွပ်တွေ လှူဒါန်းထား တဲ့ နေရာမှာ နားရန်းတခုလည်းပါတယ်။ အဲဒါတွေမရှိတော့ဘူး ကျနော်တို့ အမှုဖွင့်တော့မယ် ဆိုတော့၊ ကျနော်တို့မှာ ဒါတွေကို တန်ဖိုးစည်းဝေးဆုံးဖြတ်ရပါတယ်။ ၂၅ သိန်းတန်ဖိုးရှိ ပစ္စည်း၊ ရွှေက နှစ်ကျပ်သား ၁၈ သိန်း ကျောက်ရတနာက ၇ သိန်း စုစုပေါင်း ၂၅ သိန်း ဖြစ်တယ်”လို့ ပြောပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာ အပိုင်နယ်ဖြစ်တဲ့ ကမ္မနယ်ရဲစခန်းမှာ ပ/ ၆၂   ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပါတယ်။

“ကျနော်တို့ စိစစ်တယ်။ စိစစ်တော့ အထက်မှာ ပစ္စည်းကလည်း မရှိတော့ဘူးလို့ သိရှိရတယ်။ မရှိတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသတင်းပို့ အမှုဖွင့်မယ်ဆိုပြီးတော့လုပ်တော့ စခန်းမှူးကလည်း ဂေါပကအဖွဲ့နဲ့ အစည်းအဝေး ဆုံးဖြတ်ပြီး လုပ်မှရမယ်ဆိုလို့ ပြန်လာရပါတယ်”လို့ ဘုရားဂေါပက  ဦးဘိုအောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကမ္မနယ်မြေရဲစခန်းမှူး ဦးမြင့်နိုင်လင်းကတော့ အမှုမှန်ပေါ်ဖို့ ကြိုးစား စုံစမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်က ဂေါတမဘုရားဟာ ရှေးဟောင်းဘုရားဖြစ်ပြီး၊ ၂၀၁၈ ဇန်နဝါရီလက ထီးတော်ကို ပြုပြင်လှူဒါန်းခဲ့တာပါ။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013