DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်ရုပ်ပုံ မီးပုံးပျံလွှင့်တင်ခဲ့သူကို ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
November 26, 2018
ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်ရုပ်ပုံ မီးပုံးပျံလွှင့်တင်ခဲ့သူကို ထောင်ဒဏ် ၂ နှစ်ချမှတ်
1 / 2
Donate to DVB

ရက္ခိုင့်တပ်မတော်(အေအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ရုပ်ပုံပါ မီးပုံးပျံကို လွှင့်တင်ခဲ့တဲ့ လိပ်ခမော်ကျေးရွာသား ဦးလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။

မတရားအသင်းနဲ့ ဆက်သွယ်တဲ့အက်ဥပဒေ ပုဒ်မ ၁၇/ ၁ နဲ့ ကျောက်ဖြူ မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချလိုက်တာလို့  အကျိုးဆောင်ရှေ့နေ ဦးတင်မြင့်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ရက် တန်ဆောင်တိုင်မှာ ဦးလှထွန်းကျော်ဟာ Happy Birthday General ဆိုပြီး ရက္ခိုင့်တပ်မတော် (အေအေ) စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်ပုံပါ မီးပုံးပျံလွှင့်တင်ခဲ့လို့ ကျောက်ဖြူမြို့မရဲစခန်းက ဖမ်းဆီးပြီး စခန်းမှူး ဒုရဲမှူးကျော်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အကျိုးဆောင်ရှေ့နေဦးတင်မြင့်က “ဒါက မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မပေါ့။ ဆက်သွယ်ပေးတယ်။ အဖွဲ့ဝင်အဖြစ် ပါဝင်တယ်။ ဒါပေမယ့်အခု ထောင်ချခံလိုက်သူက အဲ့ဒီလိုမျိုး တစုံတရာမပေါ်ပေါက်ဘူး။ မဆက်သွယ်ဘူး။ ဒီလိုမပေါ်ဘဲနဲ့ မီးပုံပျံတခုနဲ့ လွှင့်တင်တာပဲရှိတယ်။ ဒါကို ပုဒ်မ ၁၇/၁ ငြိစွန်းတယ်ဆိုပြီးတော့ ပြစ်မှုထင်ရှားတယ် ဆိုတာကိုတော့ ကျနော်တို့က စောဒက တက်ရမှာပဲလေ။ ဥပဒေအရကတော့ အဖြေရှာရမှာပဲ” လို့ပြောပါတယ်။

တရားခံဘက်က ပြစ်မှုကျူးလွန်ရင် တရားလိုဘက်က ပြစ်မှုကျူးလွန်ကြောင်း ထင်ထင်ရှားရှား ခိုင်ခိုင်မာမာ သက်သေပြဖို့လိုပြီး မတရားအသင်းနဲ့ ဆက်သွယ်တဲ့ အက်ဥပဒေပုဒ် ၁၇/ ၁ နဲ့ တစုံတရာ ငြိစွန်းခြင်းမရှိတာကြောင့် စွပ်စွဲချက်ကို  အယူခံဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေက ဒီဗွီဘီကိုပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013