DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် ကလေး ၇ ဦးအနက် ၁ ဦးနှုန်း အကြမ်းဖက်ခံနေ
DVB
·
November 26, 2018
မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် ကလေး ၇ ဦးအနက် ၁ ဦးနှုန်း အကြမ်းဖက်ခံနေ
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ၇ ဦးမှာ ၁ ဦးနှုန်း အကြမ်းဖက်ခံနေရပြီး အဲ့ဒီအထဲမှာ ကိုယ်ဝန်ပျက်ကျ သေဆုံးတာတွေလည်း ပါဝင်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ ဟိုတယ်မတ်စ်မှာ ကျင်းပတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု နိုင်ငံတော်အဆင့် အခမ်းအနားမှာ ဒုဝန်ကြီးက အခုလို ပြောတာပါ။

အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ကြိုတင် ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူတောင်ရေး လုပ်ငန်းစဉ်တွေကိုလည်း အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ဌာနအနေနဲ့  အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ၂၀၁၃-၂၀၂၂ ကို လုပ်ငန်းနယ်ပယ် ၁၂ ရပ်ထားရှိပြီး အမျိုးသမီးတွေအပေါ်မှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ ဥပဒေတွေကိုရေးဆွဲပြီးတော့ လာမယ့်နှစ်မှာ ဥပဒေတွေ ထွက်ရှိလာနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံနေရမှုတွေကို Help Line ကနေ တဆင့် တိုင်ကြားနိုင်အောင် ၂၀၁၆ ခုနှစ်က နိုဝင်ဘာလက ဆောင်ရွက်ထားခဲ့ပြီး ၂၀၁၈ နိုဝင်ဘာလ ကုန်ပိုင်းအထိ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရသူ ၈၉၁ ဦး ရှိတယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက  ပြောပါတယ်။

အဲ့ဒီလို အကြမ်းဖက်ခံရသူတွေအထဲက သက်ငယ်မုဒိမ်းမှု ၂၂၅ မှုနဲ့ အမျိုးသမီးသက်ကြီး မုဒိမ်းမှု ၅၄မှုဟာ ၂၀၁၈ ခု ဇန်န၀ါရီလပိုင်းကနေ အောက်တိုဘာလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ ဒီနှစ်အတွင်းပြီးခဲ့တဲ့ လကုန်ပိုင်းအထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသတွေမှာ သက်ငယ် မုဒိန်းမှုပေါင်း  ၈၃၈ မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013