DVB Logo
Home
မြန်မာသတင်း
အလုံမြို့နယ်ရှိ  g&g စတိုးဆိုင် လုယက်ခံရ
DVB
·
November 26, 2018
အလုံမြို့နယ်ရှိ  g&g စတိုးဆိုင် လုယက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်ရှိ ၂၄နာရီဖွင့်လှစ်ရောင်းချနေတဲ့ g&g စတိုးဆိုင်ကို နိုဝင်ဘာ ၂၄ ရက်ညပိုင်းက  လူသုံးယောက် ဝင်ရောက် လုယက်သွားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

အဲဒီည ၁ နာရီကျော်မှာ အရောင်းဝန်ထမ်း အောင်မြတ်ကျော်ရှိနေတုန်း အသက် ၂၀ လောက်ရှိတဲ့ အမျိုးသားသုံးယောက်ရောက်လာပြီး ခြိမ်းခြောက်လုယက်ခဲ့တာပါ။

နှစ်ယောက်က စောင့်ကြည့်ပေးတုန်း ကျန်တယောက်က ထိုးကြိတ်မယ်လို့ ခြိမ်းခြောက်ပြီး အောင်မြတ်ကျော်ရဲ့ အိတ်ထဲက ဖုန်းနဲ့ အံဆွဲထဲက ငွေ ၃၈၀၀၀ ကျပ်ကို ယူဆောင် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒီအမှုကို အလုံမြို့မရဲစခန်းမှာ ကြိုတင်ပြင်ဆင်ပြီးမှ ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၈၂ အမှုဖွင့် စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အခု နိုဝင်ဘာလထဲမှာ ၂၄ နာရီ အရောင်းစတိုး  1 Stop Mart ဆိုင်ရဲ့ တောင်ဥက္ကလာပနဲ့ မြောက်ဥက္ကလာပ ဆိုင်ခွဲတွေမှာ ဓားနဲ့ ခြိမ်းခြောက်လုယူတာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အလုံမြို့နယ်၊ ဌာနာရပ်ကွက်က g&g စတိုးဆိုင် တဆိုင်မှာလုယက်ခံခဲ့ရပြီး  သြဂုတ် ၁ ရက်မှာ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ကျန်စစ်သားလမ်းက g&g စတိုးဆိုင်၊ ဇူလိုင်လမှာ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းက g&g စတိုးဆိုင်တို့ကို လုယက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကလည်း စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းမှာ ဖွင့်ထားတဲ့ g&g စတိုးဆိုင်မှာ အနက်ရောင် မျက်နှာဖုံးတပ်ထားတဲ့ လူငယ် ၄ ယောက်က ဝန်ထမ်းတွေကို ဓားနဲ့ ထောက်ပြီး ဝန်ထမ်းတွေရဲ့ လက်စွပ်၊ လက်ကိုင်ဖုန်း၊ ပစ္စည်းရောင်းရငွေနဲ့ ဖုန်းငွေဖြည့်ကတ်တွေ အပါအဝင် ငွေကျပ် ၁၀ သိန်းကျော်ဖိုး လုယက်ခံရဖူးပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်က g&g စတိုးဆိုင်ကို အမျိုးသား ၃ ယောက်က ဓားနဲ့ ခြိမ်းခြောက်ပြီး ရောင်းရငွေတွေ၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ စီးကရက်နဲ့ အချိုရည်မျိုးစုံ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃ သိန်းကျော်ကို ယူဆောင်သွားပြီး  ကျူးလွန်သူတွေကို ဖမ်းမိခဲ့ပါတယ်။

ရန်ကုန်မှာ ၂၄ နာရီဖွင့်လှစ်တဲ့ g&g အပါအဝင် အရောင်းဆိုင်တွေအနေနဲ့ စီးပွားရေး တခုတည်းကိုသာ အာရုံမထားဘဲ လုံခြုံရေးပိုင်းကိုလည်း အထူးဂရုပြု ဆောင်ရွက်ဖို့ မြို့နယ်ရဲတပ်ဖွဲ့တွေက လိုက်လံပညာပေးဆွေးနွေးခဲ့ပေမယ့် လိုက်နာမှုအားနည်းတယ်လို့ ရဲတပ်ဖွဲ့ရဲ့  သတင်းထုတ်ပြန်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013