DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည်သူ ၂ သိန်းခွဲကျော် ပိုများလာ
DVB
·
November 26, 2018
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည်သူ ၂ သိန်းခွဲကျော် ပိုများလာ
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်သူ အရေအတွက်ဟာ ၄ နှစ်အတွင်း ၂ သိန်းခွဲကျော် ပိုများလာတယ်လို့ ပညာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်မှာလုပ်တဲ့  ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး တွေ၊တွဲဖက်ကြီးကြပ်ရေးမှူးတွေ၊ လက်ထောက်ကြီးကြပ်ရေးမှူးတွေနဲ့ စာဖြေသူတွေ လိုက်နာဖို့ စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောတာလို့ ပညာရေး ပြန်ကြားရေးဌာနက ထုတ်ပြန်ပါ တယ်။

၂၀၁၅ ခုနှစ်တုန်းက  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၆၃၂,၃၁၄ ယောက်ရှိပြီး အခု ၂၀၁၉ ခုနှစ်မှာ ဖြေဆိုဖို့ စာရင်းပေးထားသူ ၈၉၆,၀၁၂ ယောက်ရှိနေတယ်လို့ ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ၆၇၁၄၃၁ ယောက်၊ ၂၀၁၇ ခုနှစ်မှာ ၇၆၇၄၂၂ ယောက်နဲ့ ၂၀၁၈ ခုနှစ်မှာ ၈၄၄၃၅၈ ယောက် ရှိခဲ့တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

စာစစ်ဌာနတွေကိုလည်း ၂၀၁၅ ခုနှစ်မှာ ၁၃၇၆ ခု၊ ၂၀၁၆ ခုနှစ်မှာ ၁၄၇၀၊ ၂၀၁၇ ခုနှစ်မှာ ၁၅၉၄ ခု၊ ၂၀၁၈ ခုနှစ်မှာ ၁၇၄၂ ခုရှိခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာတော့ ၁၈၈၁ ခု အထိ တိုးမြှင့်ထားတယ်လို့လည်း ပြောပါတယ်။

စာစစ်လုပ်ငန်းဆောင်ရွက်ရာမှာ ကိုယ်ဝန်ဆောင်ဆရာမတွေ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးတဲ့ ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးမကောင်းတဲ့ ဆရာ၊ ဆရာမတွေနဲ့ ဘာသာရပ်နဲ့ မကိုက်ညီတဲ့ အထက်တန်းပြ ဆရာ၊ ဆရာမတွေကို စာစစ်တာဝန်မပေးဖို့ လည်း ၀န်ကြီးကပြောပါတယ်။

ဒါ့အပြင်ဘာသာရပ်နဲ့ ကိုက်ညီပြီး အထက်တန်းပြ လုပ်သက် ၂ နှစ် အထက်ရှိတဲ့ ဆရာ ဆရာမတွေကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မတိုင်ခင် တာဝန်ပေးဖို့ကိုလည်း ဝန်ကြီး ညွန်ကြား သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013