DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်​မှုရပ်​တန့်​ရေး တောင်ကြီးမြို့တွင် စီတန်းလှည့်လည်ဆန္ဒပြ
DVB
·
November 26, 2018
အမျိုးသမီးများအပေါ် အကြမ်းဖက်​မှုရပ်​တန့်​ရေး တောင်ကြီးမြို့တွင် စီတန်းလှည့်လည်ဆန္ဒပြ
1 / 6
Donate to DVB

အကြမ်းဖက်​ခံရတဲ့ အမျိုးသမီးတွေရဲ့အသံ ကျယ်​ကျယ်​​လောင်​​လောင်​ထွက်​လာဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်​မှုရပ်​တန့်​ဖို့ နိုဝင်​ဘာ ၂၆ ရက်​ မနက်က  တောင်​ကြီးမြို့မှာ ဒေသခံတွေက စီတန်းလှည့်လည်လှုပ်ရှားခဲ့ကြပါတယ်​။

အမျိုသမီးတွေဟာ ရောင်းကုန်​မဟုတ်​၊ အမျိုးသမီးတွေအ​ပေါ် လိင်​ပိုင်းဆိုင်​ရာ အကြမ်းဖက်​မှု ရပ်​၊ အမျိုးသမီးလုပ်​ငန်းခွင်​အတွင်းအကြမ်းဖက်​မှုရပ်​၊ အမျိုးသမီးနဲ့ က​လေးတွေအ​ပေါ် အိမ်​တွင်း အကြမ်းဖက်​မှုနဲ့ ညှဉ်းပန်းမှုမပြုရဆိုတဲ့ ဆိုင်းဘုတ်​တွေ ကိုင်​​ဆောင်​ ကြွေးကြော် လှုပ်ရှားခဲ့ကြပါတယ်။

ဒီကနေ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မြို့ခံ နန်းမြဦးက “အမျိုးသမီး အကြမ်းဖက်​မှု​လျော့ချဖို့က အမျိုးသမီးတွေအတွက် ကာကွယ်​​ပေးတဲ့ ဥပ​ဒေတွေ ခိုင်​ခိုင်​မာမာရှိဖို့ လိုသလို အမျိုးသမီးအသံ​တွေ နား​ထောင်​​ပေးဖို့လိုတယ်​”လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုနဲ့အတူ အမျိုးသမီးများအ​ပေါ်အကြမ်းဖက်​မှုနဲ့ ပတ်သက်တဲ့ ဇာတ်​လမ်းတို၊ ပြဇာတ်​တွေနဲ့ အမျိုးသမီးတွေရဲ့ အသံထွက်​​ပေါ်လာ​အောင်​ ​ဆွေး​နွေးပွဲတွေလည်း ပြုလုပ်​ခဲ့ပါ တယ်​။

သတင်း/ဓာတ်ပုံ- ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013