DVB Logo
Home
မြန်မာသတင်း
အလှကုန်ပစ္စည်း ၃ မျိုး သုံးစွဲရန်မသင့်ကြောင်းကြေညာ
DVB
·
November 26, 2018
အလှကုန်ပစ္စည်း ၃ မျိုး သုံးစွဲရန်မသင့်ကြောင်းကြေညာ
Donate to DVB

ပြစ်သစ်နိုင်ငံလုပ် အလှကုန် ၂ မျိုးအပါအ၀င် အလှကုန်ပစ္စည်း ၃ မျိုးမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ မာကျူရီပါဝင်နေတဲ့အတွက် သုံးစွဲဖို့ မသင့်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။

Saint-Gobain Cosmetic Construction SAS, France ကုမ္ပဏီထုတ် ORLE- NOBLE Advanced Skin Lightening Cream  အလှကုန်ပစ္စည်း၊ ပြင်သစ်နိုင်ငံလုပ် Berrijoy Anti-spot Crystal White (Whitening Spot Dau Cream+ Repair Night Cream အလှကုန်နဲ့  Guangzhou Beauty Natural Cosmetics Factory ကုမ္ပဏီထုတ် MADAME Organic Whitening Arbutin အလှကုန် ၃မျိုးကို မသုံးစွဲဖို့ ကြေညာလိုက်တာပါ။

ပြည်တွင်းမှာရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ  အဆိုပါ အလှကုန်ပစ္စည်း သုံးမျိုးဟာ အစားအသောက်နဲ့ ဆေးဝါးမှတ်ကွပ်ကဲရေးဦးစီဌာနရဲ့ မှတ်တမ်းတင်ထားတာ မရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း မာကျူရီ ပါဝင်နေတာကို စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။

တားမြစ်ဓာတုပစ္စည်း မာကျူရီဟာ အရေပြားယားယံ၊ ရောင်ရမ်း၊ အဖြူအနီကွက်တွေ ဖြစ်တာ၊ အရေပြားကတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်၊ ကြွက်သားတုန်ခါ၊ ပင်ပန်နွမ်းနွယ်၊ ခေါင်းကိုက်၊ စိတ်ကျဂါ ဖြစ်နိုင်တဲ့အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။

အများပြည်သူ သုံးစွဲဖို့မသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်း၊ ဖြန့်ဖြူးရောင်းချပါက  ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပုဒ် (၃)(ဃ)အရ အရေးယူ သွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013