DVB Logo
Home
မြန်မာသတင်း
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် နီပေါသွားမည်
DVB
·
November 26, 2018
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် နီပေါသွားမည်
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံသို့ မကြာမီ ကာလအတွင်း ချစ်ကြည်ရေးခရီးသွားရောက်မယ်လို့ အစိုးရပြန်ကြားရေးက တရားဝင် သတင်းထုတ်ပြန်ပါတယ်။

နီပေါနိုင်ငံ ၀န်ကြီးချုပ် ကေပီရှာမာအိုလီရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ခတ္တမန္ဒူမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်မယူခင် ၂၀၁၄ ခုနှစ် ဇွန်လတုန်းကလည်း နီပေါနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့ သွားရောက်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ-အေအက်ဖ်ပီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013