DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် အလှူခံသည့် တရုတ်ဘုန်းကြီး ၂ ပါးကို ခံဝန်ထိုးခိုင်း၍ ပြန်လွှတ်
DVB
·
November 25, 2018
မိတ္ထီလာတွင် အလှူခံသည့် တရုတ်ဘုန်းကြီး ၂ ပါးကို ခံဝန်ထိုးခိုင်း၍ ပြန်လွှတ်
1 / 4
Donate to DVB

လုပ်ငန်းဗီဇာနဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာပြီး လိုက်လံအလှူခံနေတဲ့ တရုတ်ဘုန်းကြီး ၂ ပါးကို မိတ္ထီလာမြို့နယ် တာဝန်ရှိသူတွေက ခေါ်ယူပြီး ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းကာ နိုဝင်ဘာ ၂၄ ရက်နေ့က မန္တလေးမြို့ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

အဲဒီ တရုတ်ဘုန်းကြီး ၂ ပါးဟာ မိတ္ထီလာမြို့က ရှဲဒိုးမော်တယ်မှာ တည်းခိုပြီး မြို့ထဲမှာ လိုက်လံအလှူခံနေတယ်လို့ ဒေသခံတွေက သတင်းပေးပို့တာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းခဲ့တာလို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်ကြည်က ပြောပါတယ်။

ခရိုင်သာသနာရေး ဦးစီးမှူး ဦးကိုကိုအောင်က "တရုတ်ဘုန်းကြီး ၂ ပါး ဆိုင်တဆိုင်ထဲကို ဝင်သွားတယ်၊ အလှူခံနေတယ်ဆိုတာ ဗွီဒီယိုရိုက်ထားတာ ကြည့်ရတယ်၊ ကျောပေးဖြစ်နေ တာကြောင့် သိပ်တော့ မသဲကွဲဘူး။ ဒေသခံတွေက တိုင်ကြားလာတယ်။ အဲတာကြောင့် အလှူခံလို့ မရကြောင်း အခြားမြို့တွေမှာ အဲလိုလုပ်နေတာတွေ ရှိနေတယ်ဆိုတာ ဘာသာပြန်တဆင့် ပြောပြတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် BKK ဈေးဝယ်စင်တာရှေ့မှာ တရားမဝင် အလှူခံနေတဲ့ တရုတ်နိုင်ငံသားဘုန်းကြီး ၂ ပါးကို ဆက်လက်အလှူမခံဖို့နဲ့ မိမိနိုင်ငံကို အမြန်ဆုံးပြန်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013