DVB Logo
Home
မြန်မာသတင်း

Airport Shuttle ယာဉ်လိုင်း ၂၄ နာရီ ၀န်ဆောင်မှု စတင်

DVB
·
November 25, 2018
Airport Shuttle ယာဉ်လိုင်း ၂၄ နာရီ ၀န်ဆောင်မှု စတင်
Donate to DVB

ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှုမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုက ၂၄ နာရီ ပြေးဆွဲတာကို ဒီနေ့ စတင်လိုက်ပါတယ်။

Omini focus ကုမ္ပဏီရဲ့ ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်ဘူတာကြီးကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဟာ ဒီနေ့ စတင်ပြေးဆွဲမှာဖြစ်ပြီး ဖွင့်ပွဲကိုတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ည ၈ နာရီမ ပြုလုပ်မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

Omini focus ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်နေဝင်းက “ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ စေတနာ၊ YRTA အဖွဲ့ကြီးရဲ့ တူညီမျှတတဲ့ ခွင့်ပြုချက်အောက်မှာ Airport Shuttle ယာဉ်လိုင်းဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ၂၄ နာရီ ဝန်ဆောင်မှုကို ရှေ့ပြေးလုပ်ဆောင်နိုင်ခဲ့ တာဟာ အစိုးရအသစ်ရဲ့ အပြောင်းအလဲအတွက်လည်း ထင်သာမြင်သာတဲ့ ပုံရိပ်အနေနဲ့ ပေါ်လွင်စေမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကားတွေကို ည ၁၀ နာရီခွဲကစလို့ မိနစ် ၃၀ တစီးလွှတ်ပေးမှာဖြစ်ပြီး ခရီးစဉ်တလျှောက် မှတ်တိုင် တိုင်းကို ရပ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးတော့ မိမိရောက်တဲ့နေရာက အနီးဆုံးရှိမယ့်ယာဉ်ကို သိနိုင်ဖို့ ထိန်းချုပ်စခန်းကို ၂၄ နာရီ ဖုန်းဆက် မေးမြန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

Airport Shuttle လိုင်းဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ရန်ကုန်ဘူတာကြီးကို ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်း၊ လမ်းကြောင်း ၂ ခုကနေ ပြေးဆွဲနေတာပါ။

Omini focus ကုမ္ပဏီဟာ မြို့တွင်းပတ် ဝိုင်ဘီအက်စ် ၅၆၊ ဝိုင်ဘီအက်စ် ၂၀၊ ၈၃၊ ၉၈၊ ၉၉ နဲ့ Airport Shuttle လိုင်းကို ပြေးဆွဲနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013