DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် တပိုင်တနိုင်လုပ်ငန်းများ ဖွံ့ဖြိုးလာရေး သင်တန်းပို့ချ
DVB
·
November 25, 2018
ဘူးသီးတောင်တွင် တပိုင်တနိုင်လုပ်ငန်းများ ဖွံ့ဖြိုးလာရေး သင်တန်းပို့ချ
Donate to DVB

အသေးစားအလတ်စား လက်လီ တပိုင်တနိုင်လုပ်ငန်း်တွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ လက်လီ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှု ရက်တိုသင်တန်း ပြုလုပ်ပေးနေပါတယ်။

အဲဒီသင်တန်းကို Today Business Center ကနေ အခမဲ့သင်ကြားပေးတာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ၃ ရက်တာ သင်ကြားပေးနေတာပါ။  

အသေးစား အလတ်စား လက်လီတပိုင်တနိုင်လုပ်ငန်းလေးတွေ စနစ်တကျ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် သမားရိုးကျ မိရိုးဖလာပုံစံကနေ ခေတ်မီလုပ်ငန်းပုံစံတွေဆီ ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး အခမဲ့သင်ပြပေးနေတာလို့ သင်တန်းဆရာ ကိုထင်အောင် က ပြောပါတယ်။

အဲဒီသင်တန်းမှာ စာရင်းဇယားထိန်းသိမ်းနည်း ကုန်ပစ္စည်းစာရင်း ထိန်းသိမ်းနည်းတွေကို သင်ကြာပေးသွားမယ်လို့ သိရပါတယ်။

အခုသင်တန်းမှာ ဈေးဆိုင်ရောင်းချသူတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ ဝန်ထမ်းတွေနဲ့ စာရင်းဇယားနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားသူ ၄၀ ဝန်းကျင် တက်ရောက်နေကြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013