DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးချုပ်များအနားပေးမည့်သတင်းဖော်ပြမှု မီဒီယာကောင်စီထံ သမ္မတရုံး တိုင်ကြား
DVB
·
November 25, 2018
ဝန်ကြီးချုပ်များအနားပေးမည့်သတင်းဖော်ပြမှု မီဒီယာကောင်စီထံ သမ္မတရုံး တိုင်ကြား
Donate to DVB

ဝန်ကြီးချုပ် ၄ ဦးနဲ့ ဝန်ကြီးတချို့ကို အနားပေးမယ်ဆိုတဲ့သတင်း ဖော်ပြမှုနဲ့ ပတ်သက်ပြီး  စာနယ်ဇင်းကောင်စီနဲ့ လာရောက်တွေ့ဆုံဖို့ Speraker ဂျာနယ် တာဝန်ရှိသူတွေကို မနက်ဖြန် အကြောင်းကြားစာ ပေးပို့မယ်လို့ သိရပါတယ်။

Speraker ဂျာနယ် တာဝန်ရှိသူတွေအနေနဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ စာနယ်ဇင်းကောင်စီနဲ့ လာရောက်တွေ့ဆုံဖို့ အကြောင်းကြားစာပေးပို့သွားမယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂  ရက်ထုတ် The Speaker ဂျာနယ်အတွဲ (၂) မှာ “၀န်ကြီးချုပ် ၄ ဦးနှင့်ဝန်ကြီးအချို့ကို အနားပေးမည်ဟု သတင်းထွက်ပေါ်” ခေါင်းစဉ်နဲ့ သတင်းရေးသားမှု အပေါ် နိုင်ငံတော်သမ္မတရုံးက သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

Speaker ဂျာနယ်ရဲ့သတင်းထဲမှာ ဝန်ကြီးချုပ် ၄ ဦးနဲ့ ဝန်ကြီးချုပ်တချို့ကို အနားပေးမည်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မပါကြောင်း သမ္မတရုံးနဲ့ နီးစပ်သူတဦးကို ကိုးကားဖော်ပြထားပါတယ်။

ဒီဖော်ပြချက်ဟာ အချက်အလက်ခိုင်လုံခြင်း မရှိတဲ့ သတင်းရင်းမြစ်ကို အခြေခံပြီး ရေးသားဖော်ပြခြင်း၊ အတည်ပြုချက် မပါဘဲ ရေးသားခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတွေနဲ့ စာဖတ်သူတွေကို တောင်းပန်ဖို့ သမ္မတရုံးက စာနယ်ဇယ်ကောင်စီကို အကြောင်းကြားစာ ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ Speaker ဂျာနယ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013