DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် မလေးရှားပွဲအပြီး ဘောလုံးကွင်းနား မြန်မာလူငယ်အချို့ အရိုက်ခံရ
DVB
·
November 25, 2018
မြန်မာနှင့် မလေးရှားပွဲအပြီး ဘောလုံးကွင်းနား မြန်မာလူငယ်အချို့ အရိုက်ခံရ
1 / 6
Donate to DVB

မနေ့က မြန်မာနဲ့ မလေးရှားဘောလုံးပွဲအပြီး အိမ်ပြန်ကြတဲ့ မြန်မာလူငယ်တချို့ ဘောလုံးကွင်းနားမှာ လူအုပ်စုနဲ့ အရိုက်ခံလိုက်ရတယ်လို့ ကူညီပေးခဲ့သူက ပြောပါတယ်။

ပွဲပြီးလို့ လူရှင်းတဲ့အချိန် အိမ်ပြန်ဖို့ ဘတ်စ်ကားစောင့်နေတုန်း မလေးရှားလူအုပ်စုက ရိုက်နှက်သွားတာလို့  ကွာလာလမ်ပူမှာ ဖွဲ့ထားတဲ့ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ တာဝန်ရှိသူ ကိုသက်က ပြောပါတယ်။

“အချိန်က ၁၁ ခွဲလောက်ဖြစ်မယ်။ သူတို့က ၂၅ ယောက်လောက်ရှိတယ်။ မိန်းကလေးတွေ လည်း ပါတယ်။ ဘန်ဂီးကနေ ဘတ်စ်ကားငှားလာတာ။ ကားကို စောင့်နေတုန်း အယောက် ၃၀ လောက်ရှိတဲ့ အုပ်စုက ဝိုင်းရိုက်ကြတာ။ အနားမှာက လုံခြုံရေးကလည်း နည်းတယ်။ ထွက်ပြေးကြလို့ မြောင်းထဲပြုတ်ကျ၊ ဖုန်းတွေ လွတ်ကျကြတော့ ဖုန်းတွေကို ကောက်ယူသွားတယ်” လို့ ပြောပါတယ်။

ရိုက်တဲ့သူတွေဟာလည်း ခြေလျင်လျှောက်လာကြတာလို့ သူက ပြောပါတယ်။ လူအားလုံးနီးပါး အရိုက်ခံရပြီး တယောက်ကတော့ ခေါင်းမှာ ၆ ချက် ချုပ်လိုက်ရပါတယ်။

“ရဲကိုပြောတော့ မင်းတို့က ဘာလို့ သွားစတာလဲ။ မြန်မြန်ပြန်ကြလို့ပဲ ပြောတယ်။ သူတို့ နိုင်ငံသားတချို့ကတောင် ဝင်ပြောပေးသေးတယ်။ သူတို့က ဘာမှမလုပ်ဘဲ အရိုက်ခံရတာလို့။ ဒါနဲ့ပဲ ကျနော်တို့က သူတို့ကို လိုက်ပို့ပေးပြီး ဒဏ်ရာ နည်းနည်းများတဲ့ ၃ ယောက်ကို ဆေးခန်း ပြပေးတယ်” လို့ ကိုသက်က ပြောပါတယ်။

ဒီမနက်မှာ သိရသလောက်တော့ ဒဏ်ရာတွေ သက်သာနေကြပြီလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - Lovely Heart

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013